တယ်လီဖုန်းကနေ message လေးတွေ ၊ ပို့ချင်တဲ့ သတင်းအချက်အလက် လေးတွေကို ပို့ရတာ တော်တော်အဆင်ပြေတဲ့ အချက်ပါ ။ ဒါပေမယ့် တယ်လီဖုန်းပေါ်က ခလုတ်လေးတွေဟာ သေးသေးလေးတွေ ဆိုတော့ အလေ့အကျင့် မရှိသူ အတွက်ကတော့ ပို့ချင်တဲ့စာကို ရိုက်ရတာ အတော်လေး လက်ဝင်လှပါတယ် ၊ ကွန်ပြူတာရဲ့ keyboard ကနေ message လေးတွေကို ရိုက်ပြီး ပို့နိုင်မယ်ဆိုရင်တော့ စာရိုက်ရတာ ပိုပြီးလွယ်ကူ မြန်ဆန်တာပေါ့ ၊ အဲလိုမျိုး ကွန်ပြူတာကနေ တယ်လီဖုန်းကို message ပို့နိုင်တဲ့ နေရာလေးကို ကျနော်တွေ့ထားပါတယ် ၊ အခမဲ့သုံးခွင့်လည်း ရဦးမယ်ဆိုတော့ ပိုကောင်းတာပေါ့ ၊ message လေးတွေ ဟိုပို့ဒီပို့ ပို့ချင်သူတွေအတွက် အတော်ပါပဲ ၊ အဲဒီနေရာနဲ့ သုံးစွဲပုံလေးကို လက်ဆင့်ကမ်း လိုက်ပါတယ်.. ပထမဆုံးကတော့ ဟောဒီအောက်ကနေရာလေးကို သွားလိုက်ပါ ၊ http://freemasti.me/sms.php ဟောဒီပုံလေးထဲကလို ဖြည့်ရမယ့်အကွက်လေးတွေ တွေ့မယ် ၊ (၁) Select country: မှာ ကိုယ်ပို့ချင်တဲ့နိုင်ငံကိုရွေးလိုက်ပါ ၊ နိုင်ငံရွေးပြီးတဲ့အခါ ဘေးချင်းယှဉ်နေတဲ့အကွက်မှာ country code ဖြည့်ပြီးသားဖြစ်သွားမယ် ၊ ဥပမာ.. ကိုရီးယားဆို 82 ၊ မြန်မာဆို 95 စသည်ဖြင့်ပေါ့ (၂) လက်ခံမယ့် ဖုန်းနံပါတ်ကို ဆက်ဖြည့်လိုက်ပါ ၊ Local အချင်းချင်းပဲ ဖြစ်ဖြစ် ၊ နိုင်ငံတကာကို ဖုန်းခေါ်သလိုပဲ ဖြည့်ရမှာဖြစ်တဲ့အတွက် ရှေ့ဆုံးက “0” သုညကို ချန်ထားခဲ့ရမှာဖြစ်ပါတယ် ၊ ဥပမာ..ကိုရီးယားက သူငယ်ချင်းတစ်ယောက်ကို message ပို့မယ်ဆိုပါစို့ ၊ သူ့ဖုန်းနံပါတ်က 010 6017 4235 ဆိုရင် ပို့တဲ့အခါ 821060174235 လို့ရိုက်ပါ (၃) Write your message here လို့ရေးထားတဲ့ အကွက်လေးမှာ ရေးချင်တာတွေရေးပြီး Send SMS Now ကို နှိပ်လိုက်ပါ ။ တစ်ခါတရံမှာ CAPTCHA လို့ခေါ်တဲ့ စာလုံးမှန်အောင် ရိုက်ရတဲ့အကွက် လေးတွေ ရှိနိုင်ပါတယ် (အခုတော့ captcha မတွေ့ဘူး) ဒါဆိုရင် စာလုံးကို မှန်အောင်ရိုက်မှ ပို့လို့ရပါမယ် ၊ ကိုယ့်ဖုန်းနံပါတ်ကို message ပြန်ပို့ပြီး အရင်ဆုံးစမ်းကြည့်ပါ ၊ ပို့သူရဲ့ ဖုန်းနံပါတ်ကို ဖြည့်ဖို့မလိုတဲ့အတွက် message ၀င်လာတဲ့အခါမှာလည်း ဘယ်သူက ပို့လိုက်တယ် ဆိုတာ သိမှာမဟုတ်ပါဘူး ၊ သိစေချင်တယ်ဆိုရင် message ထဲမှာ ထည့်ရေးလိုက်ရမှာဖြစ်ပါတယ် ။ ကဲ.. အခမဲ့ရတဲ့ message လေးတွေနဲ့အတူ ပျော်ရွှင်မှုတွေ ရကြပါစေ..
ဘလော့ရေးသားချက်ကိုတင်သွင်းသူကတောိ့ကိုဇေယျာ ဖြစ်ပါတယ်။
Tuesday,
Jun
11,
ကွန်ပြူတာကနေ တယ်လီဖုန်းကို Message လေးတွေ အခမဲ့ ပို့လို့ရတယ်
Artigos Relacionados:
- Malcontrol Project
- သင် လို သမျှ Download လုပ်ယူ လိုက်ပါ
- How To Hack Website Through SQLMAP (Step By Step GuideLine)
- How to hack website manual (Full Guide)
- How To Check If Someone Has Hacked In Your WiFi
- 4 ways to Hack Facebook account password
- Finding Ip Address Of A Website Using Command Prompt Or CMD
- Change your Ip in less then 1 minute
- How to Remove a Virus Using Command Prompt
- (ကြောက်စရာ အကောင်းဆုံး Virus တခု လုပ်ကြမယ်)
- Secret Hack Codes for Android Mobile Phones
- ဖုန်နံပါတ်တခုသိရုံရဲ့ တိုင်း ၊ မြို့နယ် ၊ လမ်း (လိပ်စာအပြည့်အစုံ) သိနိုင်တဲ့ Golden Call Locator v1.0.0.2
- MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters version အမြင့် 1.4.0.2955
- Best Android Hacking Tools
- PASSWORD RECOVERY TOOL : PWDUMP
- BOMB MOBILE PHONE WITH SMS : BEAVER'S SMS BOMBER PRO
- Pattern Lock မေ့သွားရင် ပြန်ဖြည်နည်း
- I Phone Setting နှင့် app များကိုမြန်မာလိုပြောင်းမယ်
- GSM , WCDMA , CDMA , 1500 တန် CDMA 800 Mobile Phone တွေအားလုံး အတွက် Internet Setting ချိန်နည်းများ
- Android Top Apps & Games Selection
Subscribe to:
Post Comments
(
Atom
)
Post a Comment
ပြောချင်တာများ ရှိက