Welcome !>>>I'm Sharing Hacking Tips & Tricks for beginner & Studiers<<<<<>>>You Can try to get Study..........

..Thank For Visit & read.>>>>>

Luxand Blink Face Recongnition Pro 2.3






ကျွန်တော်အခု ဒီ Face Recognition လေးကိုတင်ပေးလိုက်ပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်နည်းနည်းပျော်သွားတယ်ဗျ။ ကျွန်တော်ရှေ့ကပို့စ်လေးတွေရေးပြီးတော့ ဟိုကြည့်ဒီကြည့် နဲ့ပေါ့ဗျာ။ ဒီကောင်လေးရဲ့ ဆိုဒ်လေးကို သွားတွေ့တယ်ဗျာ။ အဲ့ဒါနဲ့ ကျွန်တော် လည်း နောက်ဆုံးထွက်တာကို  Full Version လေးရအောင်တော့ ကြံဖန်ရတာပေါ့ဗျာ။ အခုတော့ Full Version လေးရပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းပြီးသလို တခြားစက်တွေမှာလည်း ကျွန်တော်လိုက်စမ်းပြီးပါပြီ။ ကျွန်တော်လိုက် စမ်းတာ Laptop တွေတင်မဟုတ်ပါဘူး။ Desktop တွေမှာလည်း ကျွန်တော်စမ်းပြီးမှတင်ပေးလိုက်တာပါ။ ကျွန်တော်တို့ အများစုသုံးကြတာတော့ Laptop ပေါ့ဗျာ။ Desktop တွေမှာသုံးမယ်ဆိုရင်တော့ ကင်မရာသာတပ်ထားလိုက်ပေါ့ဗျာနော်။ ကျွန်တော်တို့ မျက်နှာကိုတော့ ဘယ်ညာ ဖြေးဖြေးချင်းလှည့်ပေးဖို့လိုပါတယ်။ သူလည်း ပုံလေးတွေနဲ့ ပြပေးပါတယ်။ ကျွန်တော်တို့ Window ရဲ့ Password နဲ့ အတူတူပဲပေးရပါတယ်။ Face Recongnition ကို တစ်ခါတည်း Enable ပေးထားမယ်ဆိုရင်တော့ ကျွန်တော်တို့ သူသတ်မှတ်ထားတဲ့ Minute အလိုက် ကင်မရာလေးနဲ့ Check နေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မျက်နှာ မဟုတ်ဘူးဆိုရင်တော့ အလိုလို ပိတ်သွားပါလိမ့်မယ်။ ဖိုင်ဆိုဒ်ကတော့ 16.7 MB ရှိပါတယ်။ ကျွန်တော်တို့ အတူတူသုံးရအောင်ဗျာ။

သူ့ရဲ့ Setting ပိုင်းလေးကို ကျွန်တော်ရိုက်ပြထားပါတယ်။ သိပ်မခက်ပါဘူး။ ကြည့်ကြည့်လိုက်ပါ ။ အောက်ဆုံး Tab လေးက  Pro Settings ဆိုတာလေးကို ဝင်လိုက်ပါ။ ကျွန်တော်ပုံနဲ့ထပ်ပြပေးပါ့မယ်။
 အခုမြင်နေရတဲ့ Enable Face Locking ဆိုတာလေးကို အမှန်ခြစ်လေးပေးပြီး၊ ကျွန်တော်တို့ လိုချင်တဲ့ မိနစ်ရွေးပေးထားလိုက်ပါ။ ကိုယ်သတ်မှတ်ပေးထားတဲ့ စက္ကန့်လေးအတိုင်း စစ်ပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ မျက်နှာ မဟုတ်ဘူးဆိုရင်တော့ အလိုလို Lock ကျသွားပါလိမ့်မယ်။ ဒါက ကျွန်တော် Full Version လေးရအောင် လုပ်ထားတာလေးပါ။ အထဲမှာ တစ်ခါတည်းထည့်ပေးထားပါတယ်။ အဆင်ပြေပါစေဗျာ။
Luxand Blink Face Recongnition Pro 2.3


ကိုယ်တိုင် PDF File ပြုလုပ်ချင်တယ်ဆိုရင်







ဒါကတော့ ကျွန်တော်တို့ကို မေးလ်ထဲမှာလည်း အကိုတစ်ယောက် တောင်းထားတာလည်း ရှိတာနဲ့ ပြီးရင် တစ်ခြား မသိသေးတဲ့ သူတွေလည်း သိသင့်တယ် ထင်လို့ ရေပေးလိုက်ပါတယ် .. ကျွန်တော်တို့ PDF File တစ် File ကို သေသေ သပ်သပ်လေးနဲ့ ပြုလုပ်ချင်တဲ့ သူတွေ အတွက် ကျွန်တော် အခုအသုံးပြုနေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေးသွား ပါမယ် .. PDF File ထုတ်ဖို့အတွက် မိမိတို့ ကွန်ပျူတာမှာ Microsoft Office Version တစ်ခုခုကို Install လုပ်ပေးထားရပါမယ် .. ကျွန်တော်ကတော့ Microsoft Office 2010 ကိုအသုံးပြုပြီး ရေးပေးသွားမှာ ဖြစ်ပါတယ် .. 

အရင်ဆုံး PDF ထုတ်ဖို့ အတွက် မိမိတို့စက်မှာ Microsoft Office ကို Install လုပ်ပြီသား ဆိုရင် နောက်ထပ် PDF Creator လေးကို  Install လုပ်ပေးဖို့ လိုပါလိမ့်မယ် .. ကျွန်တော် PDF Creator လေးကို အောက်မှာတင်ပေး ထားပါတယ် .. PDF Creator ရှိမှသာ PDF ဖိုင် တစ်ဖိုင်ကို အလွယ်တကူနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် .. PDF Creator ကို Install လုပ်ပြီးသွားပြီ ဆိုရင် Microsoft Office Word  ကိုဖွင့်လိုက်ပါ .. ပြီးရင်တော့ ဆက်လုပ်ရမယ့် အဆင့်တွေကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် ..
Apply >> OK ပေးပါ။







အပေါ်ကပုံအတိုင်း ပြီးသွားပြီ ဆိုရင်တော့  မိမိတို့ လိုချင်တဲ့ ပုံစံနဲ့ PDF File တစ် File  ကိုရရှိမှာ ဖြစ်ပါတယ်..
Download  PDF  Creator


Desktop Icon Toy 4.6






ကျွန်တော်တို့ Desktop လေးကို မိမိတို့ လိုအပ်သလို ပြောင်းလဲအသုံးပြုလို့ရအောင် ဒီ Desktop Icon Toy  လေးကို တင်ပေးလိုက်တာဖြစ်ပါတယ်။ မိမိတို့ Desktop ပေါ်က Icon လေးတွေကို မိမိတို့ နှစ်သက်တဲ့ ပုံ စံလေးတွေ ထားပေးနိုင်သလို Mouse Pointer လေးထောက်လိုက်ရုံနဲ့ Icons လေးတွေခုန်နေခြင်း စတဲ့ Features လေးတွေ ပါဝင်ပါတယ်။ အထဲမှာ 32 နဲ့ 64 အတွက်ကို ခွဲပေးထားပါတယ်။ ဖိုင်ဆိုဒ်က 2.6 MB ပါ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာယူသွား လိုက်ပါဗျာ။


Desktop Icon Toy 4.6 
အားလုံးပဲအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi-One နှင့် Unicode နှစ်မျိုးလုံးသုံးချင်သူများအတွက်






 

ကျွန်တော်ဒီနေ့တော့ ကွန်ပျူတာကို စတင်အသုံးပြုသူတွေအတွက် Zawgyi-One Install လုပ်နည်းနဲ့ အခု
နောက်ပိုင်းပေါ်လာတဲ့ Unicode နဲ့Zawgyi-One နှစ်မျိုးလုံးကိုမိမိတို့ရဲ့ကွန်ပျူတာမှာလွယ်လွယ်ကူကူနဲ့
အသုံးပြုနိုင်စေဖို့အတွက်..ဒီပို့စ်လေးကိုရေးဖြစ်သွားတာဖြစ်ပါတယ်..Zawgyi-One ကို Install လုပ်တဲ့
အခါမှာ 32 Bits အတွက်အခက်အခဲမရှိပေမယ့် 64 Bits အတွက် Install လုပ်တဲ့အခါမှာအခက်အခဲလေး
တွေရှိတက်တာကိုတွေ့ရပါတယ်..ဒီပို့စ်လေးက စတင်လေ့လာကာစ နဲ့မသိသေးသူများ အတွက်သာရည်
ရွယ်ရေးသား တာဖြစ်တဲ့အတွက် သိပြီးသားသူများအနေနဲ့ တော့လိုအပ်လိမ့်မယ်လို့ မထင်ပါဘူး..ကျွန်တော်
တို့ Zawgyi-One ကိုအရင်ဆုံး အောက်မှာမိမိတို့အဆင်ပြေတဲ့ လင့်ကနေဒေါင်းလော့ချလိုက်ပါ..

 Zawgyi-One ကို Install လုပ်နည်း

 

အရင်ဆုံး Zawgyi-One-20060620 ကို Install လုပ်လိုက်ပါ.. Zawgyi-One-20060620 ကို Install
လုပ်ပြီးပြီဆိုရင်တော့ Keyboard အတွက် 32 Bits ဆိုတဲ့ Folder ထဲမှာရှိတဲ့  zfk-eg-wc2 ကို Install လုပ်
ပေးလိုက်ပါ..ဒါဆိုရင် 32 Bits Users များအတွက် မိမိတို့ရဲ့ ကွန်ပျူတာမှာ Zawgyi-One ဖောင့်ကို
ကောင်းကောင်းအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်..

For 64 Bits

 
32 Bits အတွက် Install လုပ်ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့  64 Bits User များအတွက်
Zawgyi-One ဖောင့်ကို အသုံးပြုလို့ရအောင်ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကိုပြောပြပေးပါမယ်..တစ်ချို့
က ဒီအဆင့်လေးကိုမသိတဲ့ အတွက် Zawgyi-One ကိုသုံးလို့မရတာတွေဖြစ်တက်ပါတယ်..ဒေါင်းလော့ချ
ထားတဲ့ ဖိုဒါလေးထဲက 32Bits အတွက် Install လုပ်ပြီးသွားပြီဆိုရင်တော့ 64 Bits ဆိုတဲ့ Folder လေး
ထဲကိုသွားလိုက်ပါ..ပြီးရင်အဲ့ဒီဖိုဒါလေးထဲက install_me ဆိုတာလေးကို Install လုပ်ပေးလိုက်ပါ..ပြီးရင်
မိမိတို့ ကွန်ပျူတာကို restart ချပေးလိုက်ယုံပါပဲ..ဒါဆိုရင် 64 Bits မှာ Zawgyi-One ကိုအသုံးပြုရတာ
အဆင်ပြေသွားပါလိမ့်မယ်..

Zawgyi-One Download 

Download From Ifile.it


Download  From  Mediafire

Zawgyi and Unicode

 

နောက်တစ်ခုကတော့ Unicode ရော Zawgyi-One ရော Install လုပ်ပြီးသုံးချင်သူတွေအတွက်အဆင်ပြေ
မယ့်နည်းလမ်းလေးပါ..။အပေါ်မှာရှင်းပြခဲ့သလို မိမိတို့ရဲ့ကွန်ပျူတာမှာ Zawgyi-One Font ကို Install လုပ်
ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ Unicode ကို မိမိတို့စက်မှာသွင်းဖို့အတွက် Unicode Font တွေကိုဒေါင်းလော့ချ
လိုက်ပါ..Unicode အတွက် ဖောင့်တွေကိုဒေါင်းလော့ချပြီးပြီဆိုရင်တော့ အထဲမှာပါတဲ့ mm3 , winuniiw
yunghkio_pop_april_22_ship စတဲ့ ဖောင့်တွေအကုန်လုံးကို Install လုပ်လိုက်ပါ.ဒါဆိုရင်မိမိတို့ရဲ့စက်မှာ
Zawgyi-One ရော Unicode ရော နှစ်မျိုးလုံးနဲ့ရေးထားတဲ့ စာတွေကိုဖတ်လို့ရသွားပါပြီ.။နောက်ထပ် Unicode
လက်ကွက်ကိုအသုံးပြုနိုင်ဖို့အတွက် မိမိတို့ရဲ့ ကွန်ပျူတာမှ KeyMagic လေးကို Install လုပ်လိုက်ပါ..ဒါဆိုရင်
ကျွန်တော်တို့ကZawgyi-One ကိုအသုံးပြုမယ် ဆိုရင် ကီးဘုတ်က Shift နဲ့ Ctrl ကိုနှိပ်ပြီးပြောင်းသုံးနိုင်သလို
Unicode လက်ကွက်ကိုသုံးမယ်ဆိုရင်လဲ Keyboard မှ Ctrl + Shift + Z ကိုနှိပ်ပြီးပြောင်း သုံးလို့ရသွားပါပြီ..။
ဒါကတော့ လက်ရှိအသုံးပြုနေကြတဲ့ Zawgyi-One နဲ့ Unicode နှစ်မျိုးလုံးကိုမိမိတို့ရဲ့ ကွန်ပျုတာမှာ လွယ်လွယ်
ကူကူနဲ့ အသုံးပြုနိုင် ဖို့အတွက် ကျွန်တော်သိသလောက်ပြန်ပြီးတော့မျှဝေပေးခြင်းသား ဖြစ်ပါတယ်..

Unicode Fonts Download 


Download  From  IFile.it


Download  From  Mediafire

KeyMagic  Download 

Download  From Ifile.it


Download  From  Mediafire

Animated Wallpaper Maker 3.0.3







ဒါလေးကတော့ ကြာပါပြီ။ ကျွန်တော့်အစ်ကို တစ်ယောက်ကလည်း တောင်းထားတာလေးရှိတာနဲ့ တင်ပေးဖြစ်သွားတာပါ။ ကျွန်တော်တို့ animated pictures လေးတွေ animated desktop background wallpapaer လေးတွေပြုလုပ်လိုသူများအတွက် ဖြစ်ပါတယ်။ အထဲမှာ သူ့အတွက် ကီးလေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 10.7 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အဆင်ပြေအောင် နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။
Animated Wallpaper Maker 3.0.3


Animation Destop Toys For Windows






ကျွန်တော် ဒီနေ့တော့ မေးလ်ထဲကနေ မေးထားတာ တော်တော်များများကို ပြန်ဖြေပေးပြီး သွားပါပြီ .. တောင်းဆိုထားတာ လေးတွေကိုလည်း တစ်ချို့ ရေးပေးဖို့ တောင်းဆိုထားတဲ့ အကြောင်းအရာ လေးတွေကိုလည်း ရေးပေးသွားဖို့ ရှိပါတယ် .. အခုလောလောဆယ်တော့ လက်တလော တင်ပေးလို့ လွယ်တဲ့ ကောင်လေးတွေကို အရင်တင်ပေးသွားပါမယ် .. အခုတင်ပေးလိုက်တဲ့ ကောင်လေးကတော့ Mail ထဲကနေ အကိုတစ်ယောက် တောင်းထားတဲ့ Destop Toy လေးတွေပဲ ဖြစ်ပါတယ် .. အခုတင်ပေးလိုက်တဲ့ ကောင်မလေးတွေက အငြိမ်တော့ မနေဘူးနော် Destop Screen အပြည့်ကို လျောက်သွားနေတာ သုံးတဲ့သူတွေတော့ မျက်စိနောက်မှာ မြင်ယောင်ပါသေးတယ် .. သုံးရတာ လွယ်ပါတယ် .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ ကောင်လေးထဲက မိမိတို့ သုံးချင်တဲ့ ပုံစံလေးကို Double Click ပေးလိုက် ယုံပါပဲ .. ဒါဆိုရင် အသုံးပြုလို့ ရသွားပါလိမ့်မယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .. 


ဓာတ်ပုံလေးတွေကိုစကားပြောခိုင်းမယ်








CrazyTalk   ကိုတော့မသုံးဘူးတောင်ကြားဘူးမယ်လို့ထင်ပါတယ်..။မိမိတို့ရဲ့ပုံလေးတွေကိုပဲဖြစ်ဖြစ် Animation
လေးနဲ့စကားပြောခိုင်းမယ် ၊ မျက်လုံးဖွင့်မယ်ပိတ်မယ် ၊မျက်နှာအမူအရာကအစလူတစ်ယောက်စကားပြောနေ
တဲ့အတိုင်းမိမိတို့ရဲ့ပုံလေးတွေကို  Crazy Talk လေးသုံးပြီးဖန်တီးနိုင်မှာဖြစ်ပါတယ်..။ကျွန်တော်တို့ကာတွန်း
ကားတွေမှာမြင်ဘူးမှာပါ..။ကာတွန်းရုပ်လေးတွေကလူတစ်ယောက်လှုပ်ရှားပုံအတိုင်းဖန်တီးထားတာတွေ့ရ
ပါလိမ့်မယ်..။အဲ့ဒီလိုပဲကျွန်တော်တို့ကလဲ  Crazy  Talk ကိုသုံးပြီးလူတစ်ယောက်စကားပြောနေတဲ့အတိုင်းဓာတ်
ပုံလေးတွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်..။စိတ်ဝင်စားတဲ့သူများကတော့ကလိကြည့်လိုက်ပါ..။သူမှာပါတဲ့ Frame
တွေအတိုင်းလိုက်လုပ်ယုံပါပဲ..။စိတ်ဝင်စားတဲ့သူများကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့
ချသွားလိုက်ပါ..။




Download   From   Ifile.it


Download   From   Mediafire

Monstar YTZK

ကွန်ပျုတာရဲ့အချက်အလက်တွေကိုအလွယ်တကူသိချင်တယ်ဆိုရင်






ကျွန်တော်တို့တွေကွန်ပျူတာတစ်လုံးကိုအသုံးပြုနေပြီဆိုတာနဲ့မိမိရဲ့ကွန်ပျူတာမှာရှိတဲ့အချက်အလက်တွေ
ကိုသိထားသင့်တာတော့အမှန်ပါပဲ.။မိမိကကွန်ပျူတာကိုလဲသုံးတာမကြာသေးဘူး..မိမိရဲ့ကွန်ပျုတာရဲ့ CPU
အမျိုးအစားကဘာလဲ ၊ Prosser  Speed ကဘယ်လောက်လောက်ရှိသလဲ ၊ မားသားဘုတ်ကကဘာအမျိုး
အစားလဲစတဲ့မိမိရဲ့ကွန်ပျူတာနဲ့ပါတ်သတ်တဲ့အချက်အလက်တွေကိုအလွယ်တကူသိချင်တယ်ဆိုရင်အခု
ကျွန်တော်တင်ပေးလိုက်တဲ့  CPU-Z  ကောင်လေးကအထောက်အကူပေးပါလိမ့်မယ်..။ဒီကောင်လေးကိုမိမိ
တို့ရဲ့ကွန်ပျူတာမှာ  Install လုပ်ပြီးပြီဆိုတာနဲ့မိမိတို့ကွန်ပျူတာရဲ့အချက်အလက်တွေကိုတိတိကျကျသိနိုင်
မှာဖြစ်ပါတယ်..တကယ်လဲဒီကောင်လေးကအသုံးဝင်သလို၊ဆောင်ထားသင့်တဲ့ကောင်လေးပါ..။လိုအပ်တဲ့
သူတွေကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ...။




Download  From  Ifile.it

Download   From   Mediafire 

Animated Wallpaper Maker 2.3.0







ဒါကတော့ကျွန်တော်တို့  Wallpaper  လေးတွေကို  Animation  လေးတွေနဲ့လန်းလန်းလေးသုံးချင်သူများ
အတွက်အကြိုက်တွေ့မဲ့ Animated Wallpaper Maker 2.3.0  ဆိုတဲ့ကောင်လေးဖြစ်ပါတယ်..။ဒီကောင်လေး
ကမိမိတို့စိတ်ကြိုက်ပုံလေးတွေကို Animation  လေးတွေထည့်ပေးလို့ရပြီး  Animation  Wallpaper  လေးတွေ
ပြုလုပ်လို့ရမှာဖြစ်ပါတယ်..အသုံးပြုရတာလဲလွယ်ပါတယ်..ကျွန်တော်ဒီကောင်လေးကို Full Version  လေး
သုံးလို့ရအောင် Serials Key  လေးတွေပါထည့်ပေးထားပါတယ်..ကွန်ပျုတာကိုအမြဲတမ်းလန်းနေချင်သူများ
ကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ....




Download   From   Ifile.it


Download   From   Mediafire

 အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ...

Aurora 3D Text & Logo Maker 12.04.27





ကျွန်တော်အရင်ကလည်း တင်ပေးခဲ့ပါတယ်။ အခုလည်းနောက်ထပ် Update ထပ်ထွက်လာလို့  တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ Animation လေးတွေကို အဆင်အပြေဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Save တဲ့ အချိန်မှာလည်း မိမိတို့ နှစ်သက်ရာ ဖိုင်အမျိုးအစားနဲ့ Save ပေးနိုင်ပါတယ်။ ကျွန်တော်အောက်မှာလည်း ပြပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 33.54 MB ရှိပါတယ်။ အထဲမှာသူ့အတွက် Keygen လေးပါထည့်ပေးထားပါတယ်။ အသေးစိတ် ထပ်ပြီးလေ့လာလိုရင်တော့ ဒီအောက်မှာ လင့်ခ်လေးပေးထားပါတယ်.။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်.။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ.။

 
 Aurora 3D Text & Logo Maker 12.04.27
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ.။ကျေးဇူးတင်ပါတယ်ခင်ဗျာ.။
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
Related Posts Plugin for WordPress, Blogger...
 
©2012 M0N$T3R# Created by MÖN$TéR | Shad0w MÖN$TéR