အတွက်အစွမ်းကုန်မြှင့်တင်ထားတဲ့ဖုန်းနဲ့ထိန်းချုပ်တဲ့နည်းလေးပါ..ဟုတ်ပါပြီ ကျွန်တော်တို့ လည်းကိုယ့်အကောင့်လေး
တွေလုံခြုံရေးအတွက်Google 2-Step Verification ကိုသုံးကြပြီ..အကောင့်အတွက်လည်းစိတ်ချသွားရပြီ..ရော့ယူကွာ
ဆိုပြီး password ကြီးပေးလိုက်တာတောင်မကြောက်ရလောက်အောင်ပါပဲ..အဓိကတော့ကိုယ့်ဖုန်းပဲလေ..
ဒါပေမယ့်တစ်ခုဆိုးတာက အဲ့ဒီ နည်းကိုသုံးလိုက်ပြီးရင် gtalk ကိုဝင်မရတော့ဘူး အကောင့်ကိုပေးထားတဲ့ password
ကြီးကိုမှန်အောင်ရိုက်နေလည်းဟုတ်သေးပါဘူးဆိုပြီးအသားကုန်ငြင်းနေတာပဲခံနေရတယ်..
ဥပမာကျွန်တော်တို့အကောင့်ရဲ့ password က ၁၂၃၄၅၆၇၈ ဆိုပါစို့..အဲ့ဒီ password ကမေးလ်ကိုဝင်လို့တော့ရပါရဲ့
gtalk မှာအဲ့ password ပြန်ရိုက်ပြီးဝင် မရတော့ဘူး..အဲ့ဒီပြဿနာက gtalk တစ်ခုတည်းလားဆိုတော့မဟုတ်သေးဘူး
ခုနာက်ပိုင်းဖုန်းတွေမှာမေးလ်ကိုဖုန်းနဲ့သုံးမယ်ဟေ့ဆိုပြီး gmail ကို sign in လုပ်ကြည့် password ကတော့ထုံးစံအတိုင်း
၁၂၃၄၅၆၇၈ ပေါ့..တစ်နေကုန်ထိုင်ရိုက် ဘက်ထ္ထရီကုန်သွားမယ် လုံးဝကိုမဖွင့်ပေးတာဗျာ...အဲ့ဒီတော့နည်းနည်းစဉ်းစား
ရပြီ..ကျွန်တော်တို့ 2-step Verification လုပ်ခဲ့တုန်းကနောက် ဆုံးအဆင့်လေးတစ်ခုကိုမှတ်မိချင်မှမှတ်မိကြမှာပါ Generate a new application-specific password ဆိုတဲ့နေရာလေးမှာ အခြား အခြား application တွေမှာသုံးဖို့အတွက် password လုပ်ရတာလေးပါ..ကျွန်တော်လည်းအဲ့ဒီနေရာလေးကိုဖြည့်ခဲ့ပေမယ့်
အဲ့ဒီတုန်းကဘာမှန်းကိုမသိတာတော့အမှန်ပါ..ဒါကြောင့်အဲ့ဒီကနေရတဲ့သီးသန့် password ကိုလုံးဝသတိမရတော့ပဲ
ဖြစ်ခဲ့ဖူးပါတယ်..အမှန်တော့ကျွန်တော်တို့လိုအပ်နေတဲ့ ဘာကြောင့် password မှန်ရဲ့သားနဲ့ ၀င်မရလည်းဆိုတဲ့အချက်
ကအဲ့ဒီမှာပါ..တကယ်တော့ကျွန်တော်တို့ gtalk တို့ မိုဘိုင်းဖုန်းတို့မှာဖြည့်ပေးရမယ့် password အမှန်က 12345678
မဟုတ်တော့ပဲနဲ့ အဲ့ဒီကရတဲ့နံပါတ်အသစ်တွေကိုဖြည့်ပေးရခြင်းဖြစ်ပါတယ်..အခြားသူတွေတော့မသိဘူး
ကျွန်တော်ကတော့အဲ့ဒီကုဒ်ကိုအသစ်ပြန်လုပ်လိုက်ရတယ်ဗျာ..ဒီတော့ကျွန်တော့်လိုအခက်ကြုံရတဲ့သူတွေအတွက်
အဲ့ဒီ password ပြန်ယူနည်းလေးကိုရေးပေးလိုက်ပါတယ်...
အရင်ဆုံး gmail မှာ sign in ၀င်လိုက်ပါ.
ပြီးရင် setting ကိုသွား
Setting မှာ accounts and import ကိုရွေး
ပြီးရင်တော့ change password ပေါ့..
ဒီနေရာမှာတော့ manage application-specific passwords ဆိုတာလေးကိုနှိပ်ပြီးရင် ကျွန်တော်တို့နောက်တစ်ခါ sign in ပြန်လုပ်ရပါမယ်..ခုနကပြောင်းလိုက်တဲ့ password အသစ်လေးကိုသုံးပေါ့..
လေးကိုရှာလိုက်ပါ..ပြီးရင် name မှာနာမည်တစ်ခုပေးပြီး generate password ဆိုတာလေးကိုနှိပ်ချလိုက်ရုံပါပဲ
ဲ့အဲ့လိုနှိပ်ပြီးရင် password အသစ်ရလာပါမယ်..အဲ့ဒီ password အသစ်လေးကကျွန်တော်တို့ အရင်က၀င်မရခဲ့တဲ့
နေရာတွေမှာသုံးရမယ့် password မို့သေချာသာမှတ်ထားလိုက်ပါတော့နော်.
Post a Comment
ပြောချင်တာများ ရှိက