သင်ဘယ်လိုလုပ်မှ Hacker တစ်ယောက်ဖြစ်နိုင်မည်နည်း ဟက်ကာဖြစ်ချင်တယ်…
ဟက်ကာဆိုတာဘာလဲ… ဒီမေးခွန်းက အရမ်းကိုတွေ့ရတာများပါတယ်….။နည်းပညာပိုင်းဆိုင်ရာမှာ ကျွှမ်းကျင်မှုရှိပြီးတော့ ပြသနာတွေကို ဖြေရှင်းရတာကိုနှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်တဲ့သူတွေကိုခေါ်တာပဲဖြစ်ပါတယ်… ဟက်ကာ ဆိုတာ ကွန်ပျူတာလောကမှာပဲရှိတာ မဟုတ်ပါဘူး… တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံးအခြေအနေအထိ ကျွှမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်… ကျွှန်တော်ကတော့ ကွန်ပျူတာနဲ့ပဲ ပတ်သက်တာကိုပဲပြောမှာပါ သူတို့ကိုယ်သူတို့ ဟက်ကာပါလို့ပြောနေကြတဲ့သူတွေလည်းများစွာရှိပြန်ပါတယ် ဒါပေမယ့် တကယ်တော့ မဟုတ်ကြပါဘူး.. အထူးသဖြင့်တောု့ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်ပြီး… ကွန်ပျူတာစနစ်တွေကိုချိုးဖြတ်ဝင်ရောက် အတားအဆီးတွေကိုကျော်လွန်နိုင်တယ်ဆိုပြီး လေကျယ်နေကြတဲ့ ဆယ်ကျော်သက်လူငယ်အများစုပါ….။တကယ့် ဟက်ကာ အစစ်တွေကတော့ သူတို့ကို ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်… တကယ်တော့သူတို့က ဘာမှအထင်ကြီးစရာမရှိပါဘူး…။ တကယ့်ဟက်ကာအစစ်တွေကတော့ အဲဒီကရက်ကာတွေဟာ ပျင်းရိတဲ့သူတွေ၊ တာဝန်မယူတတ်တဲ့သူတွေ၊ဥာဏ်မကောင်းတဲ့သူတွေလို့ပဲ တွေးကြပါတယ်… security တွေကိုချိုးဖောက်ကျော်လွန်ပြီးဝင်ရောက်နိုင်ယုံနဲ့တော့ ဟက်ကာမဟုတ်ပါဘူး… ။ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေဂျာနယ်လစ်တွေက ဟက်ကာဆိုတဲ စာလုံးကိုသုံးပြီးတော့ပဲ အဲဒီခရက်ကာတွေအကြောင်းကိုတွင်တွင်ကြီးဖော်ပြနေတော့တာပါပဲ…
![](http://1.bp.blogspot.com/-qoQJQ_KkjG4/WChRg1c3lMI/AAAAAAAABC4/G7xshs4V6bQmq-GY3lgXJVJ9ZWk7jI7oQCK4B/s400/monster.gif)