Welcome !>>>I'm Sharing Hacking Tips & Tricks for beginner & Studiers<<<<<>>>You Can try to get Study..........

..Thank For Visit & read.>>>>>

URL တစ်ခုကို ဘယ်လို redirection လုပ်ကြသလဲ

 





ဖိုရမ်မှာ ညီအစ်ကိုတွေ ပိုစ့်တွေ ရေးပြီးတင်ကြတာမြင်တော့ ကျွန်တော်လဲ နဲနရေးချင်စိတ်ပေါက်လာ တယ်….ဒါနဲ့ ဘာရေးရရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ URL တစ်ခုကို ဘယ်လို redirection လုပ်ကြသလဲဆိုတာလေးကို သွားစဉ်းစားမိတယ် ။ URL redirection ကို ဘာအတွက်သုံးကြသလဲ ၊ ဘယ်လိုအခြေအနေမျိုးမှာ သုံးကြသလဲ ဆိုရင် ဆိုဒ်တစ်ခုကနေ နောက်ထပ်ဆိုဒ် အသစ်တစ်ခုကို ပြောင်းလဲ ဖွင့်လှစ်တဲ့ အခါမျိုးမှာ(သို့တည်းမဟုတ်) Attacker တစ်ယောက်က victim ကိုမိမိဖန်တီးထားတဲ့ လှည့်ကွက်ထောင်ချောက်နေရာ တစ်ခုဆီကိုရောက်စေချင်တဲ့အခါမျိုးမှာ အများဆုံးအသုံးပြုလေ့ ရှိကြပါတယ် ။ ကဲပထမဆုံး ကျွန်တော်တို့ Website တစ်ခုကနေ အခြားတစ်ခုကို စပြီး Redirect လုပ်ကြမယ်ဆိုရင် URL redirect လုပ်ဖို့ တခဏတာ ယာယီလား ၊ အမြဲတမ်းအတွက်လားဆိုတာကို စပြီး စဉ်းစားဖို့လိုပါလိမ့်မယ် ။ နောက်တစ်ချက်က ဘယ်လို language မျိုးကိုအသုံးပြုပြီး URL redirect script ကိုတည်ဆောက်မှာလဲ ။ ဒီနေရာမှာ ကျွန်တော် ဥပမာ သုံးမျိုးနဲ့ တင်ပြသွားပါမယ် …. ။
  • PHP script ကိုအသုံးပြု၍တည်ဆောက်ခြင်း ။
  • Htaccess with mod_rewrite (or) mod_alias နည်းလမ်းဖြင့် တည်ဆောက်ခြင်း ။
  • Javascript ဖြင့်ဖန်တီးခြင်း တို့ပဲဖြစ်ပါတယ် ။
ဥပမာတွေ ဘာတွေနဲ့ တင်ပြမယ်ဆိုတော့ ဘာတွေပါလိမ့်….ရှုပ်နေမှာလားဆိုပြီး မထင်လိုက် ပါနဲ့….လုံးဝမှားသွားပါလိမ့်မယ်….စားကြောင်းလေး နှစ်ကြောင်းတည်းရယ်ပါ ။
  • PHP script ကိုအသုံးပြုပြီးတည်ဆောက်ခြင်း
PHP Language မှ header() function ကိုအသုံးပြုပြီး ယာယီအနေနဲ့ redirect (သူ့ရဲ့ Status Code Definition က 302 ပါ ။ မိမိရှာဖွေတဲ့ address ကမရှိတော့ပါဘူး ၊ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသွားပါပြီ လို့ ဆိုလိုပါတယ် ) လုပ်ဖို့အတွက် မိမိ redirect လုပ်လိုတဲ့ URL address ကိုထည့်သွင်းလိုက်ခြင်းပင်ဖြစ်ပါတယ် …။ ဥပမာ-

<?php
header('Location: http://www.mmhackforums.com');
exit;
?>

အပေါ်မှာဖော်ပြထားတဲ့ code လေးနှစ်ကြောင်းလောက်ကို မိမိရဲ့ HTML format အပေါ်မှာ သွားရောက်ဖြည့်စွက်လိုက်ခြင်းဖြင့် မိမိ ညွှန်လိုတဲ့ စာမျက်နှာ(URL address) ကိုရောက်ရှိစေနိုင်ပါတယ် ။ ဒီနေရာမှာ နဲနဲလေး သတိပြုရမှာက warning အနေနဲ့ ….

Cannot modify header information - headers already sent by ...

ဆိုတဲ့ စာကြောင်းများ ပေါ်လာခဲ့လျှင် မိမိထည့်သွင်းလိုက်တဲ့ code တွေကို HTML tag တွေရဲ့ အပေါ်ဆုံး သို့ရွှေ့ပြောင်းထည့်သွင်းခြင့်ဖြင့် အဆင်ပြေသွားပါလိမ့်မယ် ။ ကဲ….ဒါဆိုရင်အမြဲတမ်းပြောင်းရွှေ့ သွားပါပြီ ဆိုတာကို ဘယ်လိုရေးမလဲ ။ code status လေးတစ်ခုကို ထပ်ပေါင်းထည့်လိုက်ယုံပါပဲ…..ယာယီ redirect လုပ်ဖို့အတွက် code တွေနေရာမှာ အမြဲတမ်း redirection ပါဆိုတဲ့ Status Code Definition ဖြစ်တဲ့ 301 ဆိုတာလေးကို မှန်ကန်ကြောင်း အတည်ပြုပေးလိုက်ယုံပါပဲ ။ ဥပမာ -

<?php
header('Location: http://www.mmhackforums.com', true, 301);
exit;
?>
  • Htaccess with mod_rewrite (or) mod_alias နည်းလမ်းဖြင့် တည်ဆောက်ခြင်း
နောက်တစ်နည်းက Apache Webserver မှာပါဝင်တဲ့ htaccess file ကို အသုံးပြုပြီး တည်ဆောက်ခြင်းဖြစ် ပါတယ် ။ htaccess file (hypertext access) ဆိုတာဟာ Apache Webserver တွေအပေါ်မှာ အလုပ်လုပ်နေတဲ့ file name တွေ ၊ directory တွေကို configure လုပ်ဖိုအတွက် အရေးပါတဲ့ ဖိုင်လေးတစ်ခုပါ ။ htaccess ကို အသုံးပြုပြီး redirect ပြုလုပ်ဖို့အတွက် Apache module တစ်ခုဖြစ်တဲ့ mod_alias နဲ့ သူ့အတွက် command တစ်ခုဖြစ်တဲ့ Redirect ကိုတွဲဖက်အသုံးပြုခြင်းအားဖြင့် ယာယီ redirect နဲ့ အမြဲတမ်းအတွက် redirect ပြု လုပ်ခြင်းတို့ကို ဖန်တီးနိုင်ပါတယ် ။ ဥပမာ- ယာယီ redirect အတွက်--

 Redirect /showoff.php http://www.mmhackforums.com/tools.php 

ဖော်ပြပါ code ကလေးကို htaccess file ထဲကို ကူးထည့်ပြီး သိမ်းဆည်းလိုက်ခြင်းအားဖြင့်
 http://www.mmhackforums.com/showoff.php 
ကနေ

 http://www.mmhackforums.com/tools.php 

ဆိုတဲ့လိပ်စာဆီသို့ redirect လုပ်သွားပါလိမ့်မယ် ။ ကဲ…ဟုတ်ပြီ….ဒါဆိုရင် အမြဲတမ်း redirect အတွက်ကျတော့ရော ဘယ်လိုရေးမလဲ ? အပေါ်မှာ status code definition ဆိုတာကို အနည်းငယ်ပြော ခဲ့တယ်နော်….ကျွန်တော်တို့ လုပ်ချင်တာက အမြဲတမ်း redirect လုပ်ချင်တာ ၊ အမြဲတမ်း redirect ဆိုတာကို ဖော်ညွှန်းတာက code 301 ၊ ဒီတော့ 301 ကို Redirect ဆိုတဲ့ command ရဲ့ရှေ့မှာ ခေါ်သုံးလိုက် မယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ အမြဲတမ်း redirect ကိုရပြီပေါ့ ….။ ဥပမာ - အနေနဲ့ ပြရလျှင်..

Redirect 301 /showoff.php http://www.mmhackforums.com/tools.php


နောက်ထပ် module တစ်ခုဖြစ်တဲ့ mod_rewrite နဲ့ ပတ်သတ်ပြီး နဲနဲပြောကြည့်ပါမယ် ။ mod_rewrite က mod_alias ထက်စာလျှင် ပိုပြီး powerful ဖြစ်ပြီးတော့ ပိုရှုပ်ထွေးတယ်လို့ ဆိုနိုင်ပါတယ် ။ mod_rewrite ကိုဘယ်နေရာတွေမှာ သုံးနိုင်သလဲဆိုလျှင် domain အဟောင်းကနေ အသစ်ကို ပြောင်းတဲ့အခါမှာပဲဖြစ်ဖြစ် www(world wide web) မဟုတ်တဲ့ နေရာတစ်ခုကနေ www URL တစ်ခုဆီသို့ redirect ပြုလုပ်လိုတဲ့ အခါမှာပဲ ဖြစ်ဖြစ် အသုံးပြုကြပါတယ်။ ဆိုလိုတာက ကျွန်တော်တို့က
 http://mmhackforums.com 
ကိုဝင်လိုက်ပေမဲ့လည်း
 http://www.mmhackforums.com 
ဆီကိုပဲရောက်ရှိသွားအောင် ပြုလုပ်လိုက်ခြင်းပဲဖြစ်ပါတယ် ။ နောက်တစ်ခုက hotlink protect images (သို့မဟုတ်) redirect based on language အစရှိတဲ့နေရာတွေမှာလဲ အသုံးပြုနိုင်ပါသေးတယ် ။ hotlink protect images ဆိုတာနဲ့ ပတ်သတ်လို့ မိမိက ဘယ်လို domain တွေကို ခွင့်ပြုမှာလဲ / ပိတ်ပင်မှာလဲ ၊ ဘယ်လို Referrer တွေကို ခွင့်ပြုမှာလဲ / ပိတ်ပင်မှာလဲ ၊ ပိတ်ပင်တဲ့ image တွေကရော ဘယ်လို file type ( eg: jpg,png,gif,bmp,jpeg) အမျိုးအစားတွေလဲ ဆိုတာတွေကိုပါ သတ်မှတ်ပေးနိုင်ပါသေးတယ် ။ ဒါဆိုရင် redirect based on language ဆိုတာကရော ဘာလဲ ….သူကတော့ လက်ရှိ မိမိ web page မှာ default အနေနဲ့ ဖော်ပြနေ တာက English ဖြစ်နေပြီး chinese ဘာသာကိုပြောင်းလဲဖော်ပြလိုတယ်ဆိုပါက မိမိ ပြောင်း လိုတဲ့ articles ကို ရွှေးချယ်လိုက်တာနဲ့ chinese ဘာသာကို ဖော်ပြပေးနိုင်အောင် ဖန်တီးပေးနိုင်ပါတယ် ။ ကျွန်တော် Old domain တစ်ခုကနေ New domain တစ်ခုဆီသို့ redirect ပြုလုပ်ပုံကို ဥပမာ - အနေ နဲ့ ဖော်ပြပေးပါမယ်…

RewriteEngine on
RewriteRule ^(.*)$ http://www.mmhackforums.com/$1 [R=301,L]

ဒီနေရာမှာ ကျွန်တော်တို့က domain အဟောင်းဖြစ်တဲ့
 http://www.mmcyberdevils.com/showoff.php 
 
ကိုဝင်ကြည့်လိုက်ပေမဲ့ တစ်ကယ်တမ်း ကျွန်တော်တို့ ရောက်သွားမှာက
 http://www.mmhackforums.com/showoff.php 
ပါ ။
status code ကို 301 နဲ့ပါ ထပ်မံဖော်ပြပေးလိုက်တဲ့ အတွက်ကြောင့် user က domain အဟောင်းကို ဝင်လိုက်ပေမဲ့လည်း အမြဲတမ်း domain အသစ်ဆီကိုပဲ redirect လုပ်နေတော့မှာပါ ။ L ဆိုတာ ကတော့ နောက်ဆုံးတစ်ခုကို အတည်ပြုပေးလိုက်တာပါ ။ နောက်ထပ် ကျန်ရှိနေတာတဲ့ အပိုင်းဖြစ်တဲ့ www မဟုတ်တဲ့ domain ကနေ www domain ဆီကို ဘယ်လို Redirect လုပ်ကြမလဲဆိုတာကို ဖော်ပြပါမယ် ။
ကျွန်တော်တို့
 http://mmhackforums.com 
ကနေ
 http://www.mmhackforums.com 
ဆီသို့
ဘယ်လို redirect လုပ်မလဲဆိုတာကို ဥပမာ အနေနဲ့ ဖော်ပြပါမယ် ။

RewriteEngine on
RewriteCond %{HTTP_HOST} ^mmhackforums.com [NC]
RewriteRule ^(.*)$ http://www.mmhackforums.com/$1 [R=301,L]


ဒီ code လေးတွေကိုကြည့်ခြင်းအားဖြင့် ဆိုလိုရင်းကို သဘောပေါက်လောက်မည် ဟု ယူဆပါတယ် ။
  • Javascript ဖြင့်ဖန်တီးခြင်း
ကဲ…နောက်ဆုံး နည်းတစ်ခုဖြစ်တဲ့ javascript ကိုအသုံးပြုပြီး redirect ဘယ်လိုပြုလုပ်မလဲ ဆိုတာကို ဖော်ပြပေပါမယ် ။

<script type="text/javascript">
window.location = "http://www.mmhackforums.com";
</script>

အထက်မှာ ဖော်ပြထားတဲ့ code အချို့ကို HTML ရဲ့ <head> </head> tag အတွင်းမှာ ထည့်သွင်းဖော်ပြလိုက်ခြင်းအားဖြင့် မိမိ redirect ပြုလုပ်လိုတဲ့ URL ဆီသို့ ခေါ်ဆောင်သွားပါလိမ့်မယ် ။ ဒီနေရာ HTML format အတွင်းမှာ ကျွန်တော်တို့ အသုံးပြုလိုက်တဲ့ script အမျိုးအစားက javascript ဖြစ်ပါ တယ်ဆိုပြီး အရင်ဆုံး ကြေငြာလိုက်ပါတယ် ၊ အဲဒီနောက် window.location ဆိုတဲ့ command လေးကို အသုံးပြုပြီး redirect လုပ်ချင်တဲ့ domain လေးကို ဖော်ပြေးပေးလိုက်ခြင်းပဲဖြစ်ပါတယ် ။ ကောင်းပြီ ဒါဆိုရင် အဲဒီ domain တစ်ခုအတွင်းမှာပဲ တည်ရှိနေတဲ့ အခြားသော URLs များဆီသို့ရောက်အောင်ရော ဖန်တီးလို့ မရဘူးလား ၊ ရပါတယ် ။ ဥပမာ - ကြည့်ပါ….

<script type="text/javascript">
window.location.replace = ("../forum/index.php");
</script>

ဒီနည်းတွေကို သုံးပြီး webmaster တွေက Attacker(Hacker) တွေကိုအာရုဏ်နောက်အောင် ပြုလုပ် တတ်ကြပါတယ် ၊ ကျွန်တော်တို့ တော်တော်များများ ကြုံဖူးကြမှာပါ ။ website တစ်ခုရဲ့ admin user & password ကိုရပြီး admin page ရှာမတွေ့ဘူး…ဆိုပြီး ခဏခဏ ဖြစ်ကြပါတယ် ။ Hacker တစ်ယောက်က joomla ဆိုဒ်တစ်ခုရဲ့ admin user & password ရသွားပြီ ဆိုပါစို့….ဒါဆိုရင် joomla ရဲ့ admin login page directory က
 http://www.joomla.com/administrator 
ဆိုတာ အားလုံးသိကြပါတယ် ။ ဒါပေသိ အဲဒီ administrator URL ကို သွားလိုက်တိုင်း
 http://www.joomla.com 
ကိုပဲ ပြန် ပြန်ရောက်သွားတတ်တာကို သတိပြုမိကြပါလိမ့်မယ် ၊ ဒါဟာ webmaster က သူ့ရဲ့ admin loing page ကို attacker အလွယ်တစ်ကူ ရှာမတွေ့အောင်ဖွက်ထားလိုက်တာပါပဲ ။
ကဲ…ဒီလောက်ဆိုရင် တော်တော်လေး နားလည်သွားလောက်ပြီ( မသိသေသောသူများကိုသာ ရည်ရွယ်သည်။) လို့ ယူဆပါတယ် ။ ကျွန်တော် ဖတ်မိတာလေးတွေကို စုပေါင်းရေးသားထားခြင်းဖြစ်ပါတယ် ၊ ကွန်နက်ရှင် အခက်အခဲကြောင့် ပုံနှင့်တကွ မဖော်ပြပေးနိုင်တာကို နားလည်ပေးကြစေလိုပါတယ် ။

Written By
$n1ff3rg0d(mmhackforums.com)

Comentários:

Post a Comment

ပြောချင်တာများ ရှိက

Blogger Tips and TricksLatest Tips For BloggersBlogger Tricks
Related Posts Plugin for WordPress, Blogger...
 
©2012 M0N$T3R# Created by MÖN$TéR | Shad0w MÖN$TéR