Hard Reset လုပ်ရန်အတွက် Recovery ထဲကိုဝင်ရပါမယ်
Recovery ထဲဝင်နည်းတွေကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံးမတူကြပါဘူး
မိမိဖုန်းရဲ့ Hard Reset Key ကိုလိုချင်ရင်တော့ Internet မှာ (ဥပမာ - Huawei C8600 Hard Reset Key ဆိုပြီး ) ရှာကြည့်ပါ
ယခု ကျွန်တော့်ကတော့ Samsung Galaxy Fit ရဲ့ Recovery Mode ထဲကိုဝင်ပြပါ့မယ်
(၁) ပထမဆုံးအနေနဲ့ ဖုန်းကိုပါဝါပိတ်လိုက်ပါ
(၂) Home Button နဲ့ Power Button ကို ၁၅ seconds လောက်ဖိထားပါ (Samsung Logo
တက်လာရင်လဲဆက်ဖိထားပါ )
Recovery Mode ထဲရောက်ရင်ဖိထားတာကိုလွှတ်လိုက်ပါ
(၃) အဲဒီထဲက Wipe data/ factory reset ဆိုတာကိုရွေးပြီး Yes ကိုရွေးပေးလိုက်ပါ
(၄) ပြီးရင် ဖုန်းကို Reboot လုပ်ဖို့အတွက် အပေါ်ဆုံးက Reboot system now ကိုရွေးပေးလိုက်ပါ
(၅) ဒါဆိုရင် ဖုန်းပြန်တက်လာတဲ့အခါမှာ Pattern Lock ဖြည်ပြီးသွားပါပြီ
မှတ်ချက်(၁) - Recovery Mode ထဲတွင် Touch Screen အလုပ်မလုပ်ပါ
ဒါကြောင့် မိမိရွေးလိုသောစာကြောင်းကိုသွားရန် Volume Up နဲ့
Volume Down ခလုတ်တွေကိုသုံးပါ
မိမိလိုချင်သောစာကြောင်းကိုရောက်ရင် Power Button ကိုတစ်ချက်နှိပ်ပါ
မှတ်ချက်(၂) - Hard Reset လုပ်ရင် မိမိဖုန်းအတွင်းရှိ Contact, Message နဲ့ Application
များအကုန်ဖျတ်ပြစ်မှာဖြစ်ပါတယ်
ဒါကြောင့် Hard Reset မလုပ်မီ မိမိဖုန်းကို Computer နဲ့ချိတ်ပြီး PC Suite တစ်ခုခုနဲ့
Backup အရင်လုပ်ထားပါ
Comentários:
Post a Comment
ပြောချင်တာများ ရှိက