Welcome !>>>I'm Sharing Hacking Tips & Tricks for beginner & Studiers<<<<<>>>You Can try to get Study..........

..Thank For Visit & read.>>>>>

ွG-mail offline သုံးနည်းတဲ့ 


ကမ္ဘာကျော်Google၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Gmail Service
အသုံးပြုသူများအတွက် Offline Gmailကို ဇန်နဝါရီလကုန်ပိုင်းတွင် Googleမှ
စတင်ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို
အသုံးပြုခြင်းဖြင့် ဝင်းဒိုးစ်စနစ်တွင်ပါဝင်သော Microsoft
Outlookကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှု မရှိသည့်အချိန်တွင်လည်း
အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ်ရေးသားခြင်းတို့ကို မိမိ၏ကွန်ပျူတာတွင်
ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခင် Gmail Serviceတွင်
Accountတစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နှင့်
ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာ
သိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍
ပြန်လည်ကြည့်ရှုနိုင်သည်။

ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင်
တပ်ဆင်အသုံးပြုထားပါက အဆိုပါ Accountနှင့် ပတ်သက်သည့် E-mail, Attachment
စသည်တို့ကို Gmail Serverတွင်သာမက မိမိကွန်ပျူတာရှိ E-mail
Serverတွင်လည်း တစ်ပြိုင်းတည်း downloadလုပ်ပြီး သိမ်းဆည်းပေးသွားမည်
ဖြစ်သည်။ ဥပမာအားဖြင့် Gmail သုံးစွဲသူတစ်ဦးသည် အင်တာနက်ချိတ်ဆက်၍
သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mail Accountသို့ ဝင်ရောက်လာသော Inbox
mail၊ အခြားသူထံ ပို့လိုက်သော Sent mailနှင့် Attachment fileများ
အားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Serverတွင်လည်း တစ်ပြိုင်တည်း
သိမ်းဆည်းထားနိုင်လိမ့်မည်။ ထို့ကြောင့် Gmail သုံးစွဲသူသည်
အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် အချိန်တွင်လည်း မိမိ၏
မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့်
သိမ်းဆည်းထားနိုင်ပြီး အင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ
ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုမှာ Google၏
Opensource Software တစ်ခုဖြစ်သည့် Google Gearကို အသုံးပြုကာ Google
Serverရှိ သုံးစွဲသူ၏ Gmailဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့
အလိုအလျောက် download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင်
တပ်ဆင်အသုံးပြုလိုပါက အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ Gmailသို့ sign-in လုပ်ရပါမည်။

၂။ မိမိ Gmail စာမျက်နှာသို့ ရောက်ပါက "Settings"ကို ရွေးချယ်ပါ။

၃။ "Setting" အောက်မှ "Lab"ဆိုသည့် tabကို ရွေးချယ်ပါ။

၎။ "Lab"စာမျက်နှာတွင် ကဏ္ဍများစွာ ရှိသည့်အနက်မှ အပေါ်ဆုံးရှိ
"Offline"ဆိုသည့်ဘေးတွင် "Enable"ကို ရွေးပေးရပါမည်။

၅။ ထို့နောက် "Lab"စာမျက်နှာ အောက်ဆုံးကိုသွား၍ "Save Changes" လုပ်ပါ။

၆။ "Save Changes" လုပ်ပြီးသည့်အခါ မိမိ၏ Gmail စာမျက်နှာရှိ
"Settings"၏ဘေးတွင် "Offline 0.1"ဆိုသည့် Linkတစ်ခုကို တွေ့ရပါမည်။

၇။ Offline Gmailကို အသုံးပြုနိုင်ရန် အဆိုပါ Linkမှတဆင့် Google Gearကို
လက်ခံအသုံးပြုဖို့ "Allow it to use Gears"ဘေးမှ check boxကို အမှန်ခြစ်
ပြုလုပ်ပါ။ "Allow" buttonကို ကလစ်နှိပ်ပါ။

၈။ ထို့နောက် Offline Gmailကို ကွန်ပျူတာတွင် အလွယ်တကူ
မြင်တွေ့အသုံးပြုနိုင်ရန် Shortcut Icon ထားလိုသည့် နေရာရွေးချယ်ရပါမည်။
ထို့နောက် "OK" buttonကို ကလစ်နှိပ်လိုက်ပါက Google Serverတွင်
သိမ်းဆည်းထားသည့် (၃)နှစ်အောက်သက်တမ်းရှိ မိမိ၏ မေးလ်များနှင့်
Attachment fileများ အားလုံးကို ကွန်ပျူတာရှိ E-mail Serverသို့ Download
လုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ Google၏ Offline Gmailသည်
စမ်းသပ်နေဆဲ(Lab Version)အဆင့်တွင်သာ ရှိသေးပြီး မကြာမီ အပြည့်အဝ
အသုံးချနိုင်သည့် အဆင့်(Full Version)အဆင့်သို့ မွမ်းမံပြင်ဆင်သွားမည်ဟု
သိရသည်။

ပုံတူပွားခြင်းနဲ့ ပတ်သက်သမျှ သိစရာ

KZO: ဗျို့... ဆရာဟန်... ကူပါဦးဗျာ...
HTN: ဘာတွေ ဖြစ်နေတာလဲဗျာ...
KZO: ဟို... ဟိုဟာဗျာ... ပုံတူ... ပုံတူ... မျိုးပွား... ပွားတဲ့ကိစ္စဗျာ...
HTN: ဟေ့လူ... ဆရာကျော်... မျိုးပွားတဲ့ ကိစ္စက `အိုဂျီ´ တွေ အလုပ်လေ...
KZO: ဟာ... ဆရာသမားက တယ်ဝေးသကိုး... လယ်ဝေးပို့ရတော့မယ်... ဒီမှာ... ပုံတူမျိုးပွားတယ်ဆိုတာ Cloning ကိုပြောတာ... Cloning ကိုပြောတာ...
HTN: အဲဒီတော့...
KZO: ဟာ... ဆရာသမားကလည်း ကျုပ်ဒီမနက်ပဲ ဟိုးတုန်းက ရုပ်ရှင်ကားဟောင်းကြီး ကြည့်လာတာ... အဲဒီမှာ... ကျုပ်တို့မင်းသားကြီး ၀င်းဦးက ခုနှစ်ကိုယ်ခွဲပြီးတော့...
HTN: ဟိုး... သိပြီဆရာ... `ချစ်သူရွေးမယ် ချစ်ဝဲလယ်´ ဆိုတဲ့ရုပ်ရှင်မဟုတ်လား... အဲဒါမျိုး ဒီဘက်ခေတ်မှာ ရာဇာနေ၀င်းကလည်း `ရာဇာနေ၀င်း Clone´ ဆိုပြီး တစ်ကားရိုက်သေးတယ်ဗျ...
KZO: ဟုတ်တယ်ဗျ... အဲဒါတွေထဲကလို...
HTN: ဟေ့လူ... ဒါမျိုးလား...
KZO: ဟာ... ဟုတ်ပါ့ ဆရာသမားရေ... ဆရာသမားက တယ်လက်သွက်သကိုး... ဒါကြောင့်လည်း ဆရာဟန်၊ ဆရာဟန်ဆိုပြီး အသာစံနေတာပေါ့...
HTN: တော်... တော်... ခင်ဗျားမြှောက်ပင့်စကားတွေ...
KZO: ကဲ... ထားဗျာ... အပိုစာသားတွေ၊ စာသားအပိုတွေ လုပ်မနေနဲ့... ဘယ်လို လုပ်သလဲဆိုတာ... အခုတစ်ခါတည်း ပြောပြ... မဟုတ်ရင်တော့နော်... ဆရာ့သတင်းတွေ၊ အတင်းတွေ...
HTN: ဟေ့လူ... တော်... တော်ဗျာ... အခုပြောပြမယ်... ပထမဆုံး အဲလိုပုံတွေရဖို့ ဓာတ်ပုံရိုက်တဲ့အခါ တစ်နေရတည်းမှာ (Tripod) လို့ခေါ်တဲ့ ထောက်တိုင်နဲ့ ထောက်ပြီးရိုက်ရမယ်ဗျ။ အဲဒါမှ ပုံတွေကို ပြန်ပေါင်းတဲ့အခါ အဆင်ပြေမှာ...

 
ပြီးရင် အဲဒီပုံလေးပုံကို ပေါင်းမယ်ဗျာ။ အဲဒီလိုပေါင်းတဲ့အခါ ဘယ်ပုံကို အောက်ဆုံးမှာ ထားရမလဲဆိုတာကိုတော့ သေချာရွေးဗျာ။ ဒီနမူနာမှာတော့ အောက်ဆုံးပုံအဖြစ် ဒီပုံကိုထားလိုက်တယ်။
ပြီးရင် နောက်ထပ် အဲဒီ Layer ထက် ရှေ့နည်းနည်းရောက်မယ်ထင်တဲ့ Layer တစ်ခုကို သူ့အပေါ်မှာ ထပ်တင်မယ်ဗျာ... အဲ... တင်ပြီးတဲ့အခါ အဲဒီ Layer ရဲ့ Opacity ကို 60% လောက်ခဏထားကြည့်ပြီး အောက်က ပုံနဲ့ တစ်ထပ်တည်း ကျမကျ ကြည့်ရမယ်။ မကျရင်တော့ ရွှေ့ရမယ်ပေါ့ဗျာ။
ပြီးရင် အဲဒီ Layer ရဲ့ Opacity ကို 100% မှာ ပြန်ထားမယ်... ပြီးတော့ Layer Mask တစ်ခုခေါ်ပြီး မလိုတဲ့ အခြမ်းတွေကို ဖျက်ပစ်မယ်ဗျာ။ ဒီမှာ တစ်ခုတော့ ပြောရမယ်... တကယ်လို့သာ Photoshop CS3 ကို အသုံးပြုမယ်ဆိုရင်တော့ Auto-Align Layers နဲ့ အလွယ်တကူ အဆင်ပြေပြေပဲ ဒီအဆင့်တွေကို ဦးမစားဘဲ လုပ်လို့ရမယ်ဗျာ။
အဲလိုပဲ... နောက်ထပ် Layer တွေကိုလည်း အထက်ကအတိုင်းလုပ်မယ်။ ပြီးရင် Layer Mask သုံးပြီး မလိုတဲ့နေရာတွေကို ဖျက်ပစ်မယ်။ ဒီလိုမျိုးဗျာ...
အဆုံးသတ် ဖန်တီးပြီးသွားရင်တော့ ပုံအတိုင်း တွေ့ရမှာပေါ့ဗျာ...
KZO: ဟိုက်ရှားဘား... ရေရေလည်လည်ကို လန်းတယ် ဆရာသမားရေ... ကျုပ်လည်း ကိုယ်ပွားတွေ ဖန်တီးကြည့်လိုက်ဦးမယ်။ တကယ်လို့ လူတွေအများကြီး ပါမယ်ဆိုရင် ခက်လည်းခက် ရှုပ်လည်းရှုပ်ကုန်မှာပေါ့နော်...
HTN: အင်း... လူချင်းမထပ်အောင်တော့ ဓာတ်ပုံရိုက်တဲ့အခါ သေချာနေရာရွေးပေါ့ဗျာ... အဓိကကတော့ Tripod ဆိုတဲ့ ထောက်တိုင်နဲ့ သုံးပြီးရိုက်ဖို့ပဲဗျ။ ပြီးတော့ ပတ်ဝန်းကျင် အလင်းအမှောင် အပြောင်းအလဲမမြန်တဲ့နေရာမျိုးမှာပေါ့ဗျာ။ ဒီမှာ နမူနာတွေ ရှိသေးတယ်... ကြည့်သွားဦး...
KZO: အင်း... ဒါကြောင့်လည်း ဆရာဟန်၊ ဆရာဟန်ဆိုပြီး နာမည်ကျော်နေတာကိုး... မြန်မာပြည်မှာ မျောက်မင်းဝူခုံးကားရိုက်ရင်... ဆရာ့ကိုခေါ်သုံးမှပဲ...
HTN: တော်... တော်တော့ ပုဂ္ဂိုလ်... အပိုစာသားတွေ၊ စာသားအပိုတွေ အခုရပ်...
KZO: အေးပါဗျာ... ကျုပ်လည်း တော်တော်အသွင်ထူးတဲ့ ကျော်ဇင်ဦးဖြစ်သွားအောင်... ပေါ်တင်ကူးလိုက်တော့မယ်ဗျာ...
HTN: အဟား... ဟား... ဟား...
မူရင်း...  http://www.mmphotoshop.net/

မိမိဂျီမေးအကောင့် လုံခြုံအောင်လုပ်တဲ့နည်း





ကျနော်က ဂျီမေးလ် သုံးနေတာတော့ အတော်ကြာပါပြီ မရှိမဖြစ်လောက်ကို သုံးနေရတာပါ ဒီတော့ ဂျီမေးလ် အကောင့်လေးနှင့် ပါတ်သက်လာရင် တော်တော်လေး လန့်ပါတယ် Hack တယ်လို့ ကြားရင် ကိုယ့်မေးလ်လေး စိတ်မချဖြစ်ရတာ အမောပါ
ကျနော် အကောင့်လုံခြုံအောင် အမြဲတမ်းရှာဖွေနေမိပြီး ကျနော့လိုဘဲ ဂျီမေးလ် အကောင့်လေး စိုးရိမ်တက်သူများအတွက် ရေးပေးလိုက်တာပါ ဘာပညာမှတော့ ထူးထူးဆန်းဆန်းမပါပါဘူး ပညာရှင်များအတွက်တော့ ဟာသဖြစ်နေမှာပါ ဒါပေမယ့် ကျနော်လို ဘာမှ မသိသေးသူများအတွက် ရည်ရွယ်ပြီး ရှင်းပြလိုက်တာပါ
ပထမအဆင့် Protocol Secure
ကိုယ့်အကောင့်ကို Changing the HTTPS setting သို့ပြောင်းပါ HTTPS (Hypertext Transfer Protocol Secure) ဆိုတာက HTTP (Hypertext Transfer Protocol) ထက် ပိုပြီး လုံခြုံရေးအဆင့်တခုရှိနေပါတယ် သူက secure protocol ပါ
လုပ်ရတာလွယ်ပါတယ်
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ
(၃) General မှာ Browser connection မှ Always use https ကို မှတ်ပေးလိုက်ပါ
(၄) အောက်ဆုံးမှာသွားပြီး Save Changes လုပ်လိုက်ရင် ပြီးပါပြီ
ကိုယ်မေးလ်အကောင့် ကို ၀င်လိုက်တိုင်း http:// မဟုတ်တော့ပါဘူး https:// ဖြစ်နေတာကိုတွေ့ရမှာပါ

ဒုတိယအဆင့် Password
မိမိ အကောင့် password ကို ရိုးရိုးကြီး မပေးထားပါနှင့် ဥပမာ( password )ဆိုတာမျိုးထက်( pAssWord123SeCurE )လို့ပေးနိုင်ရင် အကောင်းဆုံးလို့ Google ဆိုထားပါတယ် နောက်ပြီး အကောင့် password ကို တနှစ်မှာ အနည်းဆုံး နှစ်ကြိမ်ပြောင်းရန် Google တိုက်တွန်းထားပါတယ် Microsoft အဆိုအရ password တခုဟာ (၇၂) ရက်ထက်ပိုပြီး မလုံခြုံပါဘူးလို့ ပြောထားတာလည်း ရှိပါတယ် မိမိနှစ်သက်သလို ရွေးချယ်ပါ

တတိယအဆင့် Password recovery options
အရေးအကြောင်းရှိလို့ ကိုယ့်အကောင့် password မေ့သွားရင် ဖြစ်ဖြစ် ဒါမှမဟုတ် အခြားသူတယောက်က မိမိအကောင့်ကို password recovery လုပ်ပြီးအခိုးမခံရအောင် မိမိအကောင့်စဖွင့်တဲ့အချိန်က ပေးထားသော recovery အကောင့်ကို များသောအားဖြင့် သူငယ်ချင်း တယောက်ယောက်ရဲ့ အကောင့်ပေးထားလေ့ရှိပါတယ် အဲဒီလို ပေးထားရင် အကောင်းဆုံးက အမြန်ဆုံးပြောင်းလိုက်ပါ မိမိရဲ့ အကောင့် Recovery ကိုလည်း စိတ်တိုင်းကျ ပြောင်းရအောင်
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ
(၃) Account and Import မှ အောက်ဆုံးမှာရှိသော Google Account setting မှ Visit your Google Account setting ကလစ်နှိပ်ဝင်ပါ
(၄) Personal Settings အောက်မှ Change password recovery options ကို ကလစ်နှိပ်ဝင်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချရအောင်ပြောင်းနိုင်ပါသည်။

အထူးလုံခြုံရေး

ပြည်ပမှာနေထိုင်သူဖြစ်ပါက(သို့) လက်ကိုင်ဖုန်းရှိပါလျှင် Google မှ ၀န်ဆောင်မှုအသစ်အဖြစ် Password ပြောင်းရင် ဒါမှမဟုတ် အခြားနေရာဒေသမှ ကွန်ပြုတာဖြင့် မိမိ Gmail ကိုဖွင့်ရန်ကြိုးစားသည်နှင့် မိမိပေးထားသည့် ဖုန်းနံပတ်သို့ confirmation code ကို မိမိဖုံးသို့ SMS ပေးပို့ပြီး အတည်ပြုခိုင်းပါသည်။ ထိုဝန်ဆောင်မှုသည် တော်တော်လေး ကောင်းသောကြောင့် သုံးဆွဲနိုင်သူများ Setting တွင် မိမိဖုန်းနံပါတ်ဖြင့် လုံခြုံရေး ပိုမိုမြှင့်တင်နိုင်ပါသည်။ 

ဒီလောက်လုပ်ပြီးရင်တော့ တော်တော်လေးစိတ်ချရပါပြီ။ အဆင့်မြင့်နည်းပညာသုံး မသာမာသော အစိုးရအဖွဲ့စည်းက မွေးထားသော ဟတ်ကာပညာရှင်များပင် မိမိအကောင့်ကိုခိုးနိုင်ရန် အတော်ကြိုးစားရပါလိမ့်မည်။

desktop-icon-toy-v.4.5.rar





desktop icon ကို အလှဆင် လိုသူများအတွက် full version လေးပါ  စမ်းသုံးချင်သူများအတွက် အောက်မှာ ကြိုက်တဲ့ လင့်ကဒေါင်းနိုင်ပါတယ်
                     
                                   Zippyshare

                                    Solidfile
                          
                                      Ziddu
 အဆင်ပြေပါစေ။။
မူရင်း.. http://aungsanmks.blogspot.com/
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
Related Posts Plugin for WordPress, Blogger...
 
©2012 M0N$T3R# Created by MÖN$TéR | Shad0w MÖN$TéR