Welcome !>>>I'm Sharing Hacking Tips & Tricks for beginner & Studiers<<<<<>>>You Can try to get Study..........

..Thank For Visit & read.>>>>>

YouTube ကို Dance အက, က,ခိုင်းမယ် (အပျင်းပြေစေဖို့ပါ)



 ဒါလေးကတော့ အပျင်းစေဖို့နဲ့ ဗဟုသုတရစေဖို့ အတွက် ရည်ရွယ်ပါတယ်ခင်မျာ... အားလုံးသိကြတဲ့ YouTube မှာ Dance က,ခိုင်းကြည့်တာပါ.... စမ်းကြည့်လိုက်ပါ တကယ် အပျင်းပြေစေမှာပါ....

ဒီနေရာက နေ YouTube ကိုဝင်ပါ...
ပြီးရင် ဒီအောက်က အနီရောင်နဲ့ စာလုံးတွေကို Copy ကူးပြီး YouTube ရဲ့ Search Box ထဲမှာ Paste လုပ်ပြီး Enter ခေါက်ကြည့်လိုက်ပါ... မြူးကြွတဲ့ သံစဉ်နဲ့အတူ YouTube မျက်နှာပြင်ပေါ်မှာရှိတဲ့ ပုံတွေ , စာလုံးတွေအားလုံး က,ခုန်နေကြတာမြင်တွေ့ရပါလိမ့်မယ်...

Do The Harlem Shake
How To make Youtube Dance





သိထားသင့်တဲ့ ကွန်ပျူတာဆိုင်ရာ အခြေခံအချက်အလက်များ








ကျွန်တော် ဒီနေ့တော့ အားလုံးအတွက် ကွန်ပျူတာကို လေ့လာနေသူတိုင်းအတွက် သိသင့်တဲ့ အခြေခံ အချက်လေးတွေကို ရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းအရာ လေးတွေကို ရေးပေးသင့်တာ ကြာပါပြီ .. စာရေးရတာ အာရုံမလာတာနဲ့ မရေးဖြစ်တော့တာပါ .. ကျွန်တော် ရေးမယ်ဆိုပြီး အကြောင်းအရာ တွေစုထားလိုက် မရေးဖြစ်လိုက်နဲ့ နောက်ပိုင်းတော့ ကျွန်တော် စာများများ ပြန်ရေးဖြစ်အောင် ကြိုးစားသွားပါမယ် .. စာရေးတယ် ဆိုပေမယ့်လည်း ကျွန်တော် အဓိကထားပြီး ရေးချင်တဲ့ ပုံစံလေးကို အရင်ပြောပြ ပေးပါမယ် .. 



ကျွန်တော် အကြောင်းအရာ တစ်ခုကို ရေးပါမယ် .. ဒါပေမယ့် အဲ့ဒီအကြောင်း အရာနဲ့ ပါတ်သတ်ပြီး နားလည်နိုင်မယ် ထင်တဲ့ ပုံစံနဲ့ နည်းနည်းနဲ့ ကျဲကျဲ ရေးပေးပါမယ် .. ဒါပေမယ့် အရမ်းကြီး အသေးစိတ်ကြီးတော့ ကျွန်တော် မရေးပေးပါဘူး .. ဘာလို့ မရေးပေးတာလည်း ဆိုတာ အကြောင်းရှိပါတယ် .. ကျွန်တော်တို့ အခုစာရေးပေးနေတဲ့ ရည်ရွယ်ချက်က ကွန်ပျူတာကို လုံးဝနားမည်သေးတဲ့သူတွေ ကွန်ပျူတာကကို စပြီးအသုံးပြုခါစသူတွေ အနေနဲ့ အကြောင်းအရာ တစ်ခုထဲကိုပဲ အများကြီး ဖတ်နေရတဲ့ အခါမှာ သူတို့အနေနဲ့ အလွယ်တကူ နားလည်နိုင်ဖို့ ခက်ခဲပါတယ် .. ကွန်ပျူတာ နယ်ပယ်မှာ အကျွမ်းဝင် ပြီးသားသူတွေ အနေနဲ့ အခက်အခဲ မရှိနိုင်ဘူး ဆိုရင်တောင် စတင်လေ့လာကာစ သူတွေ အတွက်တော့ အကြောင်းအရာ တစ်ခုကို ဖတ်နေရတာနဲ့တင် ကွန်ပျူတာ အကြောင်းလေ့လာဖို့ တော်တော် စိတ်ညစ်သွားမှာ သေချာပါတယ် .. ဒါကြောင့် ကျွန်တော်က အကြောင်းအရာတစ်ခုနဲ့ ပါတ်သတ်ပြီး အများကြီး မရေးပေးဘူး .. အသေးစိတ်ပေါ့နော် .. ဒါပေမယ့် မျက်မြင် တွေ့နိုင်တာလေးတွေကို ပုံလေးတွေနဲ့ သဘောပေါက်အောင် ရေးပေးချင်ပါတယ် .. 


ဒီနေ့ကျွန်တော် ကွန်ပျူတာကို အသုံးပြုနေသူတိုင်း  ကွန်ပျူတာတစ်လုံးမှာ သိထားသင့်တဲ့ အချက်အလက် လေးတွေကို ဘယ်လိုသိအောင် လုပ်ရမယ်ဆိုတာကို ရေးပေးသွားပါမယ် .. ကွန်ပျူတာ ကိုသုံးနေပြီ ဆိုရင်တော့ မိမိသုံးတဲ့ ကွန်ပျူတာနဲ့ ပါတ်သတ်ပြီး Processor ကဘာအမျိုးအစားလည်း ၊ RUM ကဘယ်လောက်လည်း ၊ Motherboard ကဘာအမျိုးအစားလည်း ဆိုတာတွေကို မဖြစ်မနေ သိထားသင့်ပါတယ် ..  အခုကျွန်တော်ပြောတဲ့ အချက်အလက်လေးတွေကို အလွယ်တကူ သိနိုင်ဖို့အတွက် နည်းလမ်းလေးနဲ့ သိသင့်တာလေးတွေကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 


အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကိုသွားလိုက်ပါ ..

အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင် ကျွန်တော် 123 ဆိုပြီးတော့ နံပါတ်တွေ တပ်ထားတာကို တွေ့ရပါလိမ့်မယ် .. ကျွန်တော် နံပါတ်တစ်ခုချင်း ရှင်းပြသွားပါမယ် ..


နံပါတ် ( ၁ ) မှာ ကျွန်တော်တို့က ဘာကို သိနိုင်လည်းဆိုတော့ မိမိတို့ ကွန်ပျူတာမှာ တင်ထားတဲ့ Windows အမျိုးအစားကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. မိမိတင်ထားတဲ့ Windows က Windows 7 တော့ Windows 7 ပဲ ၊ ဒါပေမယ့် Home Basic လား Professional လား Ultimate လား တစ်ခြားပြန်ပြီးတော့ မွမ်းမံထားတဲ့ Windows အမျိုးအစားတွေလား ဆိုတာကို နံပါတ် ( ၁ ) မှာကြည့်ပြီး သိနိုင်မှာဖြစ်ပါတယ် .. ပုံမှာဆိုရင် ကျွန်တော့်စက်မှာ တင်ထားတာက Windows 7 Ultimate ပါ..


နံပါတ် ( ၂ ) မှာတော့ ကျွန်တော်တို့ ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ Hardware ပိုင်းတွေအဖြစ် Processor နဲ့ Memory ( RUM ) ကိုဖော်ပြေပေးမှာဖြစ်ပါတယ် .. 

Professor  မှာတော့ ကျွန်တော့် Professor အမျိုးအစားက Intel ( R ) Core i5 650 ဖြစ်ပါတယ် .. Processor Speed ကတော့ 3.20 GHz  ဖြစ်ပါတယ် .. တစ်ချို့တွေ ပြောနေတာတွေ ကြားဖူးပါလိမ့်မယ် .. ငါ့ကွန်ပျူတာကတော့ i-5 ကွာ Processor Speed က 3.20 လို့ပြောတာတွေ ကြားဖူးမှာပါ .. သူတို့ ပြောနေတာ အခုကျွန်တော် ပြောပြနေတာတွေပဲဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော် ပြောချင်တာက Processor Speed ဆိုတာ Cpu ရဲ့ Performance ပါပဲ .. ဒီကောင်လေးကို Clock Speed နဲ့တိုင်းပါတယ် .. 3.20 GHz ဆိုတဲ့ Clock Speed ဆိုတာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Processor ရဲ့ အမြန်ဆုံးလုပ်နိုင်တဲ့ Speed ပဲဖြစ်ပါတယ် .. သဘောကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Processor ဟာ 3.20 GHz ဆိုတဲ့ Speed အတွင်းမှာပဲ အလုပ်လုပ်လို့ ရမှာ ဖြစ်ပါတယ် .. အဲ့ဒီထက်ပိုပြီး အလုပ်လုပ်မယ်ဆိုရင် Processor ဟာ အပူတွေအရမ်း များပြီး ပျက်စီးတာတို့ ဖြစ်နိုင်ပါတယ် .. ဒါက Internal Speed ပါ ။ External Speed ဖြစ်တဲ့ L1 Cache တို့ L2 Cache တို့ကျန်ပါသေးတယ် .. 


Install Memory ( RUM ) ဆိုတာကတော့ မိမိတို့ ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Memory ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ်..  တကယ်လို့ တစ်ယောက်ယောက်က မေးလို့ မင်းစက်က RUM က ဘယ်လောက်လည်း မေးရင် အခုပြောပြတဲ့ အတိုင်း ကြည်ပြီး ငါ့စက်မှာတော့ Rum 4 GB ရှိတယ်ကွာ ဆိုပြီး ဖြေလို့ ရမှာ ဖြစ်ပါတယ် .. 

ဒီကောင်လေး အကြောင်းကိုတော့ ကျွန်တော်တစ်ခါ ရေးပေးထားဖူးပါတယ် .. အခုတစ်ခါထဲ တစ်စုတစ်စည်း တည်းဖြစ်အောင် ရေးပေးလိုက်တာပါ .. System Type ကဘာကို ပြတာလည်းဆိုတော့ ကျွန်တ်ာတို့ ကွန်ပျူတာမှာ အသုံးပြု နေတဲ့ Windows အမျိုးအစားကို ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ 32 Bits တင်ထားတဲ့ သူတွေဆိုရင် 32 Bits  Operating System ဆိုပြီး ရေးပေးထားမှာ ဖြစ်ပါတယ် .. ဒါကတော့ 32 Bits နဲ့ 64 Bits အလွယ်တကူ ခွဲလို့ရတဲ့ နည်းလမ်းလေးပါ ..


ကျွန်တော်အပေါ်မှာ ပြောခဲ့တာတွေ လောက်ဆိုရင်တော့ တစ်ယောက်ယောက်က မေးခဲ့ရင် အခုလက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာဟာ Processor က Core i-5 , Processor Speed က 3.20 GHzMemory က 4 GB ၊ ပြီးရင်တင်ထားတဲ့ Windows ကလည်း Windows 7  Ultimate ဆိုပြီး အလွယ်တကူ ပြောပြနိုင်မှာ ဖြစ်ပါတယ် .. ကဲပြီးရင် ဆက်ပြီးတော့ သွားလိုက်ရအောင်ဗျာ . .

အပေါ်ကပုံမှာ ပြထားသလို Rating ဆိုပြီး 5.9 Windows Experence Index ဆိုပြီး တွေ့ပါလိမ်မယ်  .. အဲ့ဒီနေရမှာ Rating ဆိုတာ မိမိတိုကွန်ပျူတာမှာရှိတဲ့ Hardware နဲ့ Software တွေရဲ့ စွမ်းဆောင် နိုင်တဲ့ ပမာဏကို အနည်းဆုံး ဖော်ပြပေးထားတာဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ချက်သိထားဖို့ လိုတာက Windows တင်ပြီးပြီးချင်မှာ Rating ကိုတစ်ချက်သွားပြီး ကြည့်လိုက်ပါ .. အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Windwos တင်ပြီးပြီ ဆိုတာနဲ့ Windows Experience Index ကို Rating လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ် .. 


ကျွန်တော် အပေါ်က ပုံမှာပြထားသလို Windows Experence Index ကို Click လိုက်ပါ .. 

အပေါ်ကပုံမှာ ပြထားသလို ပေါ်လာပြီဆိုရင်တော့ Windows Expersion Index ကိုတစ်ချက်လောက် လေ့လာ ကြည့်ရအောင်ဗျာ .. Windows Expersion Index ဆိုတာကတော့ မိမိတို့  အပေါ်မှာ ပြောခဲ့သလိုပဲ မိမိတို့ ကွန်ပျူတာမှာရှိတဲ့ Hardware နဲ့ Software တွေနဲ့ စွမ်းဆောင်နိုင်တဲ့ ပမာဏတွေကို တိုင်းတာပြီးတော့ အနိမ့်ဆုံး ပမာဏ တစ်ခုကို ဖော်ပြပေးမှာဖြစ်ပါတယ် .. ဒီကောင်လေးကို ကြည့်ပြီး ဘာကိုသိနိုင်လည်း ဆိုတော့ Base score များတာနဲ့ အမျှ မိမိတို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ မြင့်နေမှာဖြစ်ပြီး Base Score နည်းလာတာနဲ့ အမျှ မိမိတို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ နိမ့်ကျသွားမှာဖြစ်ပါတယ် .. 


ဥပမာ။ ။ Base score ဟာ 4 ဒါမှမဟုတ် 5 အထက်ရထားမယ်ဆိုရင် Windows 7 ကိုသုံးနေတယ် ဆိုရင် Windows 7 မှာပါဝင်တဲ့ Feature တွေကို အပြည့်အ၀ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. 


ဒါကြောင့် Base Score ဟာ 3 နဲ့ 3 အထက် ( 4 , 5 .. ) ရှိနေဖို့လိုပြီး 3 အောက်ရောက်နေပြီ ဆိုရင်တော့ နိမ့်နေတဲ့ Hardware ကြည့်ပြီး မြှင့်ပေးဖို့လိုပါလိမ့်မယ် .. 


ဥပမာ ။ ။ Windows Expersion Index မှာပြထားတဲ့ Base Score က 2.7 လောက်ဖြစ်နေတယ် ကျန်တာတွေ အကုန်လုံးက 4 ကျော် 5 ကျော်နေပြီးတော့ Rum တစ်ခုထဲက 2.7 ဖြစ်နေတယ်ဆိုရင် Rum ကိုထပ်တိုးပေးဖို့ လိုပါလိမ့်မယ် ..  


တကယ်လို့ Rum ကိုထပ်ပြီး မတိုးချင်ဘူးဆိုရင်တော့ အခုသုံးနေတဲ့ Windows ကိုမသုံးသင့်ပဲ အခုသုံးနေတဲ့ Windows ထက်နိမ့်တဲ့ Windows မျိုးကိုသာ အသုံးပြုသင့်ပါတယ် .. တကယ်လို့ Base Score က 3 အောက်လည်း ရောက်နေတယ် ဒီတိုင်းလည်း ပေသုံးနေတယ် ဆိုရင်တော့ စက်မှာ ကြာရင် Error တွေ တစ်ခုမဟုတ်တစ်ခု တက်လာပါလိမ့်မယ် .. 


နောက်တစ်ခုက Windows Expersion Index ကဘာ အသုံးဝင်သေးလည်း ဆိုတော့ မိမိတို့ ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာ စက်ကို သုံးရတာ အားမရလို့ Hardware ပိုင်း တစ်ခုခုကို Update လုပ်ပေးချင်တယ်ဆိုရင် Windows Expersion Index မှာရှိတဲ့ Base score ကိုကြည့်ပြီး အနိမ့်ဆုံး ကောင်လေးကို သာရွေးပြီး Update လုပ်ပေးလိုက်ယုံပါပဲ .. 


ဥပမာ ။ ။ မိမိတို့စက်မှာ Graphic Card က 512 MB စိုက်ထားပါတယ် .. စက်က သုံးရတာ အားမရလို့ တစ်ခုခုကို Update ထပ်လုပ်ချင်တယ်ဆိုရင် Windows Expersion Index မှာကြည့်လိုက်တော့ Graphic Card က Basic score ကအနည်းဆုံးဖြစ်နေပါတယ် .. ဒါဆိုရင် ကျွန်တော်တို့က Graphic Card ကို 512 MB အစား 1024 MB ( 1 GB ) ကိုပြောင်းပြီး စိုက်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. ဒီလောက်ဆိုရင်တော့ Windows Expersion Index နဲ့ပါတ်သတ်ပြီး သဘောပေါက်သွားလိမ့်မယ်လို့ ထင်ပါတယ် .. 


နောက်တစ်ချက်ကတော့ Mother Board အမျိုးအစားတွေ Hard Disk Space တွေကို ဘယ်လိုသိနိုင်မလည်း ဆိုတာကို ဆက်ပြီး ရှင်းပြပေးသွားပါမယ် .. ဒါတွေကို မရှင်းပြခင် အောက်မှာ Bits , Bytes ရေတွက်ပုံကို ရေးပြပေးထားပါတယ် ..


1 Bits = အငယ်ဆုံး unit

1 Byte= 8 Bits

1 kbyte =1024 Byte

1 Megabyte = 1024 kbyte

1 Gegabyte = 1024 Megabyte

1 Tetrabyte = 1099  Gegabyte   ဆိုတာကိုတော့ သိထားဖို့လိုပါတယ် .


ဒီနေရာမှာ Unit တွေကို အတိုကောက် အသုံးပြုတာနဲ့ ပါတ်သတ်ပြီး ဘယ်လိုခေါ်ဝေါ်ရမယ် ဆိုတာကိုတော့ သိထားသင့်ပါတယ် .. Bits ကိုအတိုကောက်ရေး တဲ့အခါကျရင် အသေးစားလုံး b လို့ရေးရမှာဖြစ်ပါတယ် .. 


ဥပမာ ။  ။ 1 Gegabps   = 1 Gega Bit Per Second ဖြစ်ပါတယ် .. 


ဒီနေရာမှာ Byte ကိုအတိုကောက် ရေးမယ် ဆိုရင်တော့ အကြီးစာလုံး B နဲ့ရေးရမှာ ဖြစ်ပါတယ် .. 



ဥပမာ ။ ။ 1 GB = 1 Gega Byte ဖြစ်ပါတယ် .. ဒီလောက်ဆိုရင် Bit နဲ့ Byte ကွဲပြားပုံနဲ့ ပါတ်သတ်ပြီး သဘောပေါက်သွားမယ်ထင်ပါတယ် .. 



ကဲအပေါ်ကအပိုင်းကို ပြန်ဆက်ရအောင်ဗျာ .. အပေါ်မှာပြထားသလို Windows Expersion Index ကိုရောက်ပြီဆိုရင် အောက်ကပုံမှာပြထားသလို ဆက်ပြီးသွားလိုက်ပါ .. 


အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင်တော့  System မှာကြည့်လိုက်ပါ .. မိမိတို့ ကွန်ပျူတာရဲ့ Matherboard အမျိုးအစားတွေ Model တွေကို တွေ့ရမှာ ဖြစ်ပါတယ် .. အဲ့ဒီမှာ ကြည့်လိုက်ပါ ကျွန်တော့်စက်ရဲ့ Mother က Gigabyte ဖြစ်ပြီး Mother Model ကတော့ P55-US3L ဖြစ်ပါတယ် .. System Type ကတော့ 64 Bits Operation System ဖြစ်ပါတယ် .. တကယ်လို့သာ System Types နေရာမှာ 32 Bits Operation System လို့ဖော်ပြနေမယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ 64 Bits ရှိတဲ့ Windows တွေကို အသုံးပြုလို့ ရမှာမဟုတ်ပါဘူး .. ဒီနေရာမှာတစ်ခု သိထားရမှာက 32 Bits နဲ့ 64 Bits ခွဲခြားတုန်းက ကြည့်တာနဲ့မတူပါဘူး အဲ့ဒီတုန်းက ဖော်ပြတာက မိမိတို့စက်မပေါ်မှာ တင်ထားတဲ့ Windows Oparating System ပါ .. အခုဒီကောင်မှာ ဖော်ပြထားတာက မိမိတို့ ကွန်ပျူတာမှာ အသုံးပြုခွင့်ရှိတဲ့ Windows Operating System ဖြစ်ပါတယ်..

နောက်တစ်ချက် Storage ကိုကြည့်လိုက်ပါ .. အဲ့ဒါကတော့ မိမိတို့ ကွန်ပျူတာရဲ့ Hard Disk ကိုဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော့် Hard Disk က 500 GB ဖြစ်ပါတယ် .. ဒါပေမယ့် System Partation အတွက် 34 GB ပေးလိုက်ရတဲ့အတွက် 466 GB ပဲအသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ဒါဆိုရင် Hard Disk က ဘယ်လောက်လည်း သိချင်တယ်ဆိုရင် Storage အောက်က Total Size Of Hard Disk ကိုကြည့်လိုက်ရင် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. 

နောက်တစ်ချက်ကတော့ Graphic Card ဖြစ်ပါတယ် .. Graphic ကိုဖော်ပြတဲ့အခါမှာ ကြည့်လိုက်ပါ ..Display adapter type ဆိုတာကတော့ မိမိတို့ ၀ယ်ယူထားတဲ့ Graphic ရဲ့ အမျိုးအစားပါ .. နောက်တစ်ခု Total available graphic memory ဆိုတာကတော့ မိမိတို့ကွန်ပျူတာမှာ Graphic Card အများဆုံး စိုက်လို့ ရတဲ့ ပမာဏကို ဖော်ပြပေးထားတာဖြစ်ပါတယ် .. 2781 MB ဆိုတော့ အပေါ်မှာ Unit ရေးတွက်ပုံတွေ ဖော်ပြထားသလို စဉ်းစားလိုက်ရင် 1 GB မှာ 1024 MB ဆိုတော့ 2 GB ကျော်လောက်စိုက်လို့ရပါတယ် .. Dedicate Graphic Memory ကတော့ လက်ရှိသုံးနေတဲ့ Graphic Card ရဲ့ Memory ပါ .. 1024 MB ဆိုတော့ GB နဲ့ပြန်တွက်ရင် 1 GB  ဖြစ်ပါတယ် .. ဒါဆိုရင် အများ ဆုံးပမာဏနဲ့ဆိုရင် ကွန်ပျူတာမှာ နောက်ထပ် Graphic Card 1 GB လောက်ထပ်စိုက်လို့ ရပါသေးတယ် . ဒီလောက်ဆိုရင်တော့ Graphic Card ကိုဘယ်လိုကြည့်ရမယ်ဆိုတာနဲ့ ပါတ်သတ်ပြီး သိသွားပြီလို့ထင်ပါတယ် .. 

အောက်ဆုံးက Network အောက်မှာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Network အမျိုးအစားတွေရဲ့ Adapter တွေကို ဖော်ပြေပေး ထားတာ ဖြစ်ပါတယ် ..

ဒီလောက်ဆိုရင်တော့ ကွန်ပျူတာ မှာအခြေခံ အနေနဲ့ သိသင့်သိထိုက် တာလေးတွေကို သိသွားပြီလို့ ထင်ပါတယ် ..

Survey အချို့ကို ကျော်ခွခြင်း How to Bypass Any Survey?



အင်တာနက်ပေါ်မယ် တန်ဖိုးကြီး Software ဒါမှမဟုတ် တန်ဖိုးကြီး ဖိုင်တွေကို ဒေါင်းရာမှာတစ်ချို့ဆိုဒ်တွေက Survey တွေနဲ့ပိတ်ထားတတ်ပါတယ်..မြန်မာနိုင်ငံမယ်တော့ ကျော်လို့မရပါဘူး..ဒါပေမယ့် အခု ဖြစ်နိုင်မယ့်ကျော်ခွနည်းလေး ရေးပေးလိုက်ပါတယ်.. အားလုံးကိုတော့ ကျော်လို့ရမှာမဟုတ်ပါဘူး.
တစ်ချို့တစ်ဝက်အတွက်တော့ အသုံးဝင်ပါလိမ့်မယ်.စမ်းကြည်ပါ ရတော့လဲအမြတ်ပါ :)

နည်းလမ်း ( 1 )

မိမိက Firefox အသုံးပြုနေတဲ့သူဆိုရင် Survey Page သို့ရောက်တာနဲ့ Tool >> Options >> Content မှာ
Enable Java Script ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ..ပြီးရင် OK နှိပ်ပြီး ပြန်ထွက်လိုက်ပါ..ပြီးရင် Reload ပြန်ဆွဲ
လိုက်ပါ..ဒါဆိုရင် Survey Page ပေါ်လာတော့မှာမဟုတ်ဘဲ Download Link ကို တန်းရောက်သွားပါမယ်.
ရောက်ပြီဆိုတာနဲ့ Enable Java Script ကိုအမှန်ခြစ်ပြန်တပ်ပေးပြီး မိမိဒေါင်းလိုတဲ့ဖိုင်ကိုဒေါင်းနိုင်ပါပြီ...
ဒီနည်းလမ်းကတော့ Survey တော်တော်များများအတွက် အသုံးဝင်ကျော်ခွနည်းဖြစ်ပါတယ်..

ဒုတိယနည်း ( 2 )

Survey Page သို့ရောက်တာနဲ့  အောက်ဖော်ပြပါ ကုဒ်တွေကို Survey Page ရဲ့ လိပ်စာကိုဖျက်ပီး ကူးထည့်လိုက်ပါ..ပြီးတာနဲ့ Enter ခေါက်လိုက်ပါ..ဒါဆိုရင် Survey ကို အလိုအလျောက်ကျော်ပြီးသားဖြစ်ပြီး
မိမိ ဒေါင်းလိုတဲ့ဖိုင်ကို ဒေါင်းလို့ရပါလိမ့်မယ်...ဒီနည်းလမ်းကလဲ Survey အချို့ကို ကျော်ခွနည်းဘဲဖြစ်
ပါတယ်..ကဲ စမ်းကြည့်ကြပါ.. နောက်ပိုင်းကျော်ခွနည်းတွေ တွေ့ရင်လည်း တင်ပေးသွားပါ့မယ်ခင်မျာ

Photo Animation လေးတွေပြုလုပ်ချင်သူများအတွက်






ဒီကောင်လေးကတော့အလွယ်တကူ  Animation  လေးတွေဖန်တီးချင်သူတွေအတွက်တော့အသုံးဝင်ပါလိမ့်
မယ်..။Professional ကျကျမဟုတ်တောင်မှအသုံးဝင်တဲ့ကောင်လေးဆိုတာတော့လက်ခံရမှာပါ..။ကျွန်တော်
အသုံးပြုရတာအဆင်ပြေအောင်အသုံးပြုနည်းကိုလဲပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..။ဒီကောင်လေးကို
Full Version  လေးနဲ့သုံးလို့ရအောင်  Crack File လေးပါထည့်ပေးထားပါတယ်..။Crack File ထည့်နည်းလေး
ကိုတော့နည်းနည်းပြောပြပေးပါမယ်..။အရင်ဆုံး Animated GIF producer 5.1 TRIAL  လေးကိုမိမိတို့ရဲ့စက်
မှာ  Install  လုပ်လိုက်ပါ..။Finish ဆိုတာရောက်ရင်မပေးပါနဲ့အုံး..။ကျွန်တော်ထည့်ပေးလိုက်တဲ့  Crack  File 
လေးကို  Copy  ကူးလိုက်ပါ..။ပြီးရင် My  Computer  >> Local  Disk ( C : ) >>  Program Files အထိ
သွားပြီး Program  Files ထဲက Animated GIF producer 5.1 TRIAL  ဆိုတဲ့  Folder  ထဲမှာ  Paste ပြန်လုပ်
ပေးလိုက်ပါ.။ဒါဆိုရင်  PRODUCER (2)  ဆိုပြီးတွေ့ရပါလိမ့်မယ်..။အဲ့ဒီကောင်လေးကို  Double Click
ပေးလိုက်ပါ..။ဒါဆို Animated GIF producer 5.1 TRIAL  လေးကို  Full Version လေးနဲ့သုံးလို့ရသွားပါပြီ..။
တကယ်လို့သူကပြန်ဝယ်ခိုင်းနေတယ်ဆိုရင်အပေါ်မှာပြောခဲ့တဲ့နည်းအတိုင်းအဆင့်ဆင့်သွားပြီး  PRODUCER (2) ဆိုတာလေးကိုသာ Double Click ပြန်ပေးလိုက်ပါ..အဆင်ပြေသွားပါလိမ့်မယ်..။


အသုံးပြုနည်းလေးကိုတော့အောက်မှာပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..။


















ဒီလောက်ဆိုရင်တော့သုံးပုံသုံးနည်းလေးကိုအနည်းအကျဉ်းတော့သိသွားလိမ့်မယ်လို့ထင်ပါတယ်..။လိုအပ်
တဲ့သူများကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ..။








Download   From  Ifile.it

Download   From   Mediafire
ကိုနေမင်းမောင်ထံမှ
အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
Related Posts Plugin for WordPress, Blogger...
 
©2012 M0N$T3R# Created by MÖN$TéR | Shad0w MÖN$TéR