Welcome !>>>I'm Sharing Hacking Tips & Tricks for beginner & Studiers<<<<<>>>You Can try to get Study..........

..Thank For Visit & read.>>>>>

Android Phone များအတွက် Mozilla Firefox 2012



          ကျွန်တော်တို့ PC မှာ Internet သုံးမယ်ဆိုရင် Mozilla Firefox ဟာ အသင့်တော်ဆုံးနဲ့အကောင်း
ဆုံး Browser တစ်ခုပါ။ အဲဒီ Mozilla ကို Android Phone တွေမှာ သုံးချင်သူများအတွက်ကျွန်တော်မျှဝေ
ပေးလိုက်ရတာပါဗျာ။ Mozilla ကိုဖုန်းဆိုင်တွေမှာ လွယ်ကူစွာထည့်သွင်းနိုင်တယ်ဆိုပေမယ့်။ ဖုန်းဆိုင်ကို
သွားဖို့ အခက်အခဲရှိသူများအတွက် ဒီ Post လေးကအဆင်ပြေစေမှာပါဗျာ။
လိုအပ်တဲ့သူငယ်ချင်းများ
အောက်က Link ကနေပြီးဒေါင်းယူသွားနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsITzPL-FALBPVJaGVLcWDI4IjbWB4IavyPcEh5belV0ewCAK159SBjo_26aBvaOoOEs8NtyOl0tMVHqA_4FFMiRP9vU-BL1QcROdirrSvePC5E1hX1FexD1XEdKgM8sbMvkHZsfejSyI/s1600/1.Download+Here.gif 

Facebook အကောင့် Lock မကျအောင် ဒီလို ကာကွယ်ထားပါ

http://scm-l3.technorati.com/11/12/02/57781/facebook-lock-graphic-securestate.jpg?t=20111202142305%22

Facebook ဟာ ဒီရက်ပိုင်းအတွင်း ပြဿနာ တော်တော်ရှာလာတယ်လို့ပြောရမလောက်ပါပဲ
တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ
ဘာကြောင့်လဲဆိုတော့Facebookကိုအသုံးပြုပြီးဘဏ်အကောင့်တွေခိုးတယ်.. နိုင်ငံရေးအမြတ်ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေကြံစည်လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံနေရတာဆိုတော့ Facebook ကိုလည်း အပြစ်ပြောလို့မရပါဘူး ...
အသုံးပြုနေတဲ့ User တွေကသာ သတိလေးနဲ့ သုံးစွဲရုံပေါ့

Facebook ဟာ သူ့ဆီကို Log in ၀င်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့
Date .. Cookies .. History .. Proxy .. စတာတွေကို အရင်ဖတ်ပါတယ်
( ဒါကတော့ ဘယ်ဆိုက်ကို ၀င်ဝင်ပါ )
ပြီးရင် email and password တွေသိုလှောင်ထားတဲ့ php နဲ့ ချိတ်ဆက်ပြီး Log in
အချက်အလက်မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ပြဿမရှိဘူးဆိုရင် အကောင့်ပွင့်သွားပါတယ်
အဲဒီတော့ .. မကြာသေးမီကမှ ကိုယ့်ရဲ့ အကောင့်ကို ဖုန်းနဲ့ ၀င်လိုက်တယ် ..
အကြောင်းကြောင်းကြောင့် စနစ်တကျ Log out မထွက်လိုက်ရပဲ ပိတ်လိုက်တယ်
နောက် .. ခဏနေတော့ ကွန်ပျူတာနဲ့ ကိုယ့်အကောင့်ကို ပြန်ဝင်ပြန်တယ် ..
အဲဒီမှာ Check လုပ်တဲ့အဆင့်မှာတင် Facebook အတွက် သံသယဖြစ်စရာတွေ
ရှိသွားပါပြီ .. ပထမ Log in က Log out မထွက်သေးပဲ နောက်ထပ် စက်တစ်လုံးက
Log in ၀င်လာပြန်ပြီပေါ့ ...
Facebook account တွေ လော့ကျတတ်တာရဲ့ အဓိက ပြဿနာက အဲဒါပါပဲ
နောက်ထပ် လော့ကျနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါသေးတယ်
Password အမှားကြီးနဲ့ ခဏခဏ Log in ၀င်ဖို့ကြိုးစားတာမျိုး
Friend Request တွေ အများကြီး ပို့နေတာမျိုးတခြားလူတွေရဲ့ Wall တွေပေါ်မှာ လင့်ပါတဲ့ စာသားတွေ သွားသွားတင်တတ်တာမျိုးfacebook က Ban ထားတဲ့ ၀က်ဆိုက်တွေထဲကို Facebook ကို Log in ၀င်ထားရင်း သွားလည်မိတာမျိုး .. ( ဥပမာ .. http://zamal-tkj.blogspot.com ဆိုတဲ့ လိပ်စာကို
Facebook ရဲ့ တစ်နေရာရာမှာ ရေးကြည့်ပါ. .. လက်မခံတာတွေ့ရပါလိမ့်မယ် )
ကဲ .. အဲဒီတော့ ကျွန်တော်တို့ရဲ့ Facebook အကောင့်ဟာ လော့ကျနိုင်ခြေတွေ
အများကြီးလို့ ဆိုရမှာဖြစ်ပါတယ်

လော့ကျပြီးသွားရင်တော့ အကောင့်ပြန်ရဖို့ ( Unlock လုပ်ဖို့ ) တော်တော်ကို ခက်ခဲသွားပါပြီ
ဒီတော့ .. ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုသလိုပဲ
ကျွန်တော်တို့ရဲ့ အကောင့်လေး လော့မကျခင်ကတည်းက လော့ကျဖို့ ခက်ခဲအောင်
ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်
ကျွန်တော်တို့ရဲ့ အကောင့်ဟာ ကြောငြာအကောင့် ( Spam အကောင့် ) မဟုတ်တဲ့အကြောင်း
တခြားအကောင့်ပိုင်ရှင်တွေကို စိတ်အနှောက်အယှက်မပေးတဲ့အပြင် Facebook User အချို့အတွက်
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက အကူအညီတောင်ပေးသေးတယ်လို့ Facebook ကို အသိပေးထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အကောင့်တွေဟာ တော်ရုံတန်ရုံနဲ့ လော့မကျနိုင်တော့ပါဘူး ..
အဲဒါဆိုရင် ဘယ်လိုလုပ်မှာလဲ .. ဟုတ်ကဲ့ .. လွယ်ပါတယ်တစ်ကယ်ကိုလွယ်ပါတယ် ..
ပထမဆုံးကိုယ့်ရဲ့ Facebook အကောင့်ကိုတော့ Log in ၀င်ထားရပါမယ်



ပြီးပြီဆိုရင် ဒီနေရာ ကိုသွားလိုက်ပါ


အဲဒီ Page ကိုရောက်ပြီဆိုရင် .. အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်




အဲဒီထဲမှာ အင်္ဂလိပ်လို တစ်ခုခုရေးပြီး Add Answer ကို နှိပ်လိုက်ပါ
ဘာရေ။ရမှာမှန်းမသိရင်လည်း သူများရေးထားတာတွေကို ကော်ပီကူးပြီး ထည့်ပေးလို့ရပါတယ်
(တော်တော်များများလည်း အဲဒီလို ကော်ပီကူးပြီး ပြန်ထည့်ထားကြတာကို တွေ့ရပါလိမ့်မယ် )
တစ်ခုရှိတာက အဲဒီထဲမှာ ဘာလင့်ကိုမှ မထည့်မိဖို့ပါပဲ ..
ကိုယ်ရေးလိုက်တဲ့ Answer လေး တက်သွားပြီဆိုရင် Address bar မှာရှိတဲ့ လင့်လေးကို ကော်ပီကူယူလာပြီးကိုယ့်ရဲ့ Friend တွေကို ပေးပါ .. သူတို့ကို ကိုယ့်ရဲ့ Answer ရဲ့အောက်က Helpful ဆိုတာလေးကိုနှိပ်ပေးဖို့ အကူအညီတောင်းပါ Helpful အရေအတွက် များလေကောင်းလေပါပဲ ..( ဒါပဲနော် .. နည်းလမ်းပြောပြတဲ့ ကျွန်တော့် Answer ကိုလည်း Helpful နှိပ်ပေးထားခဲ့ရမယ် .. မစိမ်းကားကြေး)
တခြားသူတွေကိုလည်း သူတို့ရေးထားတဲ့ Answer လေးတွေကို Helpful နှိပ်ပြီး အကူအညီပေးပါ
ဒီ Feature လေးက Facebook အကောင့်ကို အသစ်ဖွင့်ဖွင့်ခြင်းမှာ လော့ကျတာမျိုးမဟုတ်ပဲ
အသုံးပြုနေရာကနေ လော့ကျတာမျိုးဆိုရင်တောင် အဲဒီ Page မှာ Helpful များများရအောင်လုပ်နိုင်ရင်
အဲဒီအကောင့် ပြန်ရပါတယ် ..ကဲ . အဆင်ပြေကြပါစေဗျာ

Photo ထဲမှာ ဖိုင်တွေကို ဖွက်ထားကြမယ်


Photo


ပုံထဲမှာ ဖိုင်တွေကို ဖွက်ထားကြမယ်
***************
********
ကျွန်တော်တို့ private file တွေကို ဖွက်တဲ့အခါမှာ နည်းလမ်းအမျိုးမျိုးကို သုံးကြပါတယ်။ တစ်ချို့က folder lock လို ဆော့စ်ဝဲမျိုးကို သုံးကြသလို တစ်ချို့ကလည်း batch ဖိုင်လေးတွေ ရေးပြီးတော့ ဖွက်ကြပါတယ်။
အခုနည်းလမ်းလေးကတော့ ဓါတ်ပုံထဲမှာ ဖွက်မှာပါ။ ဖွင့်လိုက်ရင် ဓါတ်ပုံပဲပွင့်လာပါတယ်။
နည်းလမ်းလေးကတော့......
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဆင့်(၁)။ ။ ကိုယ်ဖွက်မယ့်ဖိုင်တွေကို winrar နဲ့ rar ဖိုင်လေးလုပ်ပါမယ်။

((((rar ဖိုင်လုပ်ဖို့ winrar ဆိုတဲ့ ဆော့စ်ဝဲရှိရပါမယ်။ကိုယ်ဖွက်မယ့်ဖိုင်အားလုံးကို select လုပ်ပြီး right click ကို နှိပ်ပါ။ "add to FileName.rar" ကို ရွေးပါ။ FileName ကတော့ တစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ပါဘူး။ဒါဆို rar ဖိုင်ရပါပြီ။))))

အဆင့်(၂)။ ။ Folder အသစ်တစ်ခု ဆောက်ပါ။ ရလာတဲ့ rar ဖိုင်ရယ် ဓါတ်ပုံလေးတစ်ပုံရယ်ကို ဆောက်ထားတဲ့ Folder ထဲထည့်ပါ။

အဆင့်(၃)။ ။ ခုနက Folder ကိုဖွင့်ပါ။ Shift ကိုဖိထားပြီးတော့ right click နှိပ်ပါ။ open command window here ကို ရွေးပါ။ command prompt တက်လာပါမယ်။

((((နောက်တစ်နည်းကတော့ window ရယ် R ရယ်ကို နှိပ်ပါ။ Run Box တက်လာရင် cmd ရိုက်ပြီး enter နှိပ်ပါ။ command prompt တက်လာရင် Folder ဆောက်ထားတဲ့ လမ်းကြောင်းကို ရွေးပေးပါ။ ဥပမာ ကျွန်တော်တို့ Folder ကို desktop ပေါ်မှာ aa ဆိုတဲ့ နာမည်နဲ့ ဆောက်ထားတယ် ဆိုပါစို့.......command prompt မှာ cd /d C:\Users\username\Desktop\aa ရိုက်ပြီး enter ခေါက်ပါ။username က ကိုယ့်ရဲ့ username ကိုရိုက်ရမှာပါ။))))

အဆင့်(၄)။ ။ command prompt မှာ copy /b Image.jpg+Secret.rar FileName.jpg ကိုရိုက်ပါ။ ဒီနေရာမှာ Image နေရာမှာ ဓါတ်ပုံရဲ့ name၊ Secret နေရာမှာ rar ဖိုင်ရဲ့ name၊ FileName ကတော့ ကြိုက်တာပေးပါ။

ဒါဆိုရင်တော့ ဖိုင်လေးတွေဖွက်ထားတဲ့ ပုံလေးရပါပြီ။
*****Important*****
အရေးကြီးတဲ့အချက်ကတော့ ဖွက်ပြီးသွားရင် ဖိုင်တွေကို ဖျက်မပစ်ပါနဲ့ဦး။ပြန်ဖြည်လို့ ရမရ အရင် စမ်းကြည့်ပါဦး။ တစ်ခါတစ်လေ error တက်တတ်လို့ပါ။အပေါ်က အဆင့်တွေအတိုင်း အတိအကျလုပ်ရင်တော့ error မတက်ပါဘူး။ space ကအစ အတိအကျ ရိုက်ပါ။

ပြန်ဖြည်မယ်ဆိုရင်ကော ဘယ်လိုဖြည်ကြမလဲ
.
.
.
.
.
.
.
.
.
.
.
.
.
တိဝူးလေ...ေိေိ
စတာပါ ဟဲဟဲ
ပြန်ဖြည်မယ်ဆိုရင်တော့ ဖြည်မယ့် ဓါတ်ပုံလေးကို right click >>> open with >>> winrar ကို ရွေးလိုက်ရင် ရပါပြီ။
တစ်ခါတစ်လေ error တက်တတ်ပါတယ်။ error တက်ရင်တော့ ထွက်လာတဲ့ဖိုင်လေးကို ဖျက်ပြီးတော့ နောက်တစ်ခေါက်ထပ်လုပ်ကြည့်ပါ။ ရပါလိမ့်မယ်။
အဆင်မပြေတာရှိရင် ပြန်ပြောပါ။

Password လား? ပျင်းတောင်ပျင်းသေးတယ်


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibvIx9KGV8-3bCLRyAsrBgBCboyxkxkfW5ZmyJyrfrcvIkszaTXdtxakybLWJDkgtbdhygMTq7c0lCWAdE4cFpgjcXfv3h-HTpyelWNAcNjDEa7VfWKSrg2HLSHSa3u_ZcaL6dnVw40jw/s1600/password-hack_yNISa_25016.jpg
သင့်ရဲ့ Password ကို ဘယ်လောက်ပဲ ရှုပ်ထွေးအောင်၊ ခက်ခဲအောင်ဖန်တီးထားပါစေ၊ ဘယ်လောက်ပဲ ဂရုစိုက်နေပါစေ Hacker တွေအတွက်တော့ သင့် password ကို ရယူဖို့ဆိုတာ အတော်လေးကို လွယ်ကူလွန်းတဲ့ အလုပ်တစ်ခုပါပဲ။

livingsocial.com ၀ဘ်ဆိုက်ကြီး Hack လုပ်ခံရတဲ့နောက်ပိုင်းမှာ အီးမေးလ်နဲ့ ပက်စ်ဝါ့ဒ် သန်းငါးဆယ်ခန့်ဟာ Hacker တွေရဲ့ လက်ထဲကို ရောက်သွားပါပြီ။ USA Today ရဲ့ အင်တာဗျူးမှာ စီအီးအို တင်အိုရှောနက်ဆီက "မကြာသေးခင်ကပဲ ဖောက်သည်တွေရဲ့ အချက်အလက်တွေကို ခိုးယူဖို့အတွက် ကျွန်တော်တို့ ကွန်ပျူတာစနစ်ကို ဦးတည်တွဆိုက်ဘာတိုက်ခိုက်မှု ကြုံတွေ့ခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းအရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ LivingSocial ရဲ့ password တွေဟာ decode လုပ်ဖို့ အလွန်ခက်ခဲတယ်လို့ ပြောနိုင်ပေမယ့် လူကြီးမင်းရဲ့အကောင့် လုံခြုံရေးအတွက် Password အသစ်တစ်ခုပြောင်းဖို့ အကြံပေးလိုပါတယ်" ဟု ပြောကြားခဲ့သည်။

တကယ်တမ်းတော့ Password များ အသုံးမ၀င်တော့ရသည့် အကြောင်းရင်းများစွာ ရှိနေပြီဟု ပြောနိုင်ပါသည်။ ထိုအထဲမှ အရေးကြီးဆုံးအချက်မှာ ဟက်ကာများသည် သင်၏ password ကို ဘယ်ပုံဘယ်နည်းဖြင့် ရယူနိုင်သလဲဆိုတာ သိဖို့ပင် ဖြစ်သည်။ လူအတော်များများ ထိုအချက်ကို မသိကြသေးပေ။

လွန်ခဲ့တဲ့ငါးနှစ်တုန်းထက်စာရင် Password တစ်ခုကို သိရှိဖော်ထုတ်နိုင်ဖို့အတွက် နည်းလမ်းကောင်းများစွာ ပေါ်ထွန်းနေပြီ ဖြစ်ပါတယ်။ အကြောင်းရင်း သုံးချက် ရှိပါတယ်။
(၁) သာမန်လူတစ်ယောက်ဟာ အားနည်းချက်တွေပါတဲ့ password တစ်ခုတည်းကိုပဲ Website မျိုးစုံမှာ သုံးစွဲလေ့ရှိပါတယ်။ ဒါကြောင့်မို့ Site တစ်ခုမှာ ပေါက်ကြားသွားတာနဲ့တစ်ပြိုက်နက် ဒလဟော ပါသွားတတ်ကြပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး တကယ့်လက်တွေ့မှာ အသုံးပြုနေတဲ့ Password အရေအတွက်ပေါင်း သန်းတစ်ရာကျော်လောက်ဟာ ဟက်ကာတွေရဲ့ လက်ထဲမှာ ရှိနေပါပြီ။ အဲဒီအချက်အလက်တွေကို ပုံဖော်လိုက်တဲ့အခါမှာ လူတွေဟာ Password ကို ဘယ်လိုပုံစံတွေ ပေးတတ်သလဲဆိုတာကို ဟက်ကာတွေ သိနေခဲ့ပြီး ဖြစ်ပါတယ်။ နောက်ပြီး အဲဒီအချက်အလက်တွေကို အခြေခံပြီး Password ကို အလွယ်တကူဖော်ထုတ်နိုင်မယ့် ပရိုဂရမ်တွေကို ဟက်ကာတွေက ရေးသားဖန်တီးနိုင်ခဲ့ပါပြီ။

(၂) ဟက်ကာတွေ အသုံးပြုနေတဲ့ ကွန်ပျူတာဟာဒ်ဝဲလ်ပစ္စည်းတွေဟာ သင်ထင်တားတွေထက် ပိုမြန်နေပါပြီ။ လူအတော်များများရဲ့ password အရှည်ဟာ ၈ လုံးဝန်းကျင်လောက်ပဲရှိပြီး ဟက်ကာတွေဟာ ၁၆လုံးလောက် ရှည်တဲ့ password ကိုတောင် အလွယ်လေး ချိုးဖျက်နိုင်နေပါပြီ။

(၃) တတိယအချက်အနေနဲ့ Website တော်တော်များများရဲ့ password တွေကို သိမ်းတဲ့စနစ်မှာ SHA1, DES, NTLM/MD5, MD5 အစရှိတဲ့ Cryptographic algorithms တွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီ algorithm တွေဟာ password တွေကို ကောင်းကောင်း မကာကွယ်ပေးနိုင်ပါဘူး။ အဲဒီ algorithm သုံးပြီး ပုံဖျက်ထားတဲ့ password ကို လွယ်ကူစွာနဲ့ decrypt လုပ်နိုင်နေပါပြီ။
အခုအချိန်မှာ Website တွေအနေနဲ့ SHA512crypt သို့မဟုတ် BCrypt လိုမျိုး လုံခြုံစိတ်ချရတဲ့၊ Password သိမ်းဆည်းမှုကို ကောင်းကောင်းအကာအကွယ်ပေးနိုင်တဲ့ algorithm တွေကို စတင်ပြောင်းလဲသုံးစွဲဖို့ လိုအပ်နေပါပြီ။ အဲဒီ algorithm တွေဟာ ရာနှုန်းပြည့်ကာကွယ်နိုင်မှု မပေးနိုင်ပေးမယ့် ဟက်ကာတွေ သင့် password အမှန်ကို သိဖို့ decrypt လုပ်တဲ့အချိန်မှာ အချိန်များစွာ ကြာမြင့်ပါလိမ့်မယ်။

နိဂုံးအနေနဲ့ သင့် Password ကို ခပ်ရှည်ရှည်ပေးပါ။ ခဏခဏပြောင်းပါ။ Password တစ်ခုတည်းကိုပဲ နေရာတိုင်းမှာ မသုံးပါနဲ့။ ဒီလိုမျိုးပဲ လုပ်ရပါလိမ့်မယ်။

စာကြွင်း၊ 1Password လိုမျိုး သင်ခေါင်းမစားအောင် Password ကို အလိုအလျောက် ဖန်တီးပေးးတဲ့ Website တွေလိုမျိုးတွေလည်း သွားမသုံးပါနဲ့ဦး။ အဲဒီ algorithm မျိုးလောက်ကိုတော့ Hacker တွေက သိနေပြီးလောက်ပါပြီ။
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
Related Posts Plugin for WordPress, Blogger...
 
©2012 M0N$T3R# Created by MÖN$TéR | Shad0w MÖN$TéR