Welcome !>>>I'm Sharing Hacking Tips & Tricks for beginner & Studiers<<<<<>>>You Can try to get Study..........
..Thank For Visit & read.>>>>>
လူနက္ခတ်၊နတ်နက္ခတ်၊ဘီလူးနက္ခတ်
မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။
(၁)-ကြွင်းရင်- နတ်နက္ခတ်။
(၂)-ကြွင်းရင်-လူနက္ခတ်။
(၀)-ကြွင်းရင်- ဘီလူးနက္ခတ်။
  ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို ကိုယ်ပြန်တွက်ကြည့်ပါ။ ကိုယ် ဘာနက္ခတ်လဲ ဆိုတာ။ စက္ကန့်ပိုင်းအတွင်း သိရပြီ ဟုတ်။
နက္ခတ်နဲ့ စရိုက်။
နတ်နက္ခတ်။
နတ်နက္ခတ်မွေးဖွားတဲ့ လူတွေဟာတဲ့ နှလုံးသား နူးညံ့ပျောပျောင်းတယ်။ သူတို့က အချော့ကြိုက်တယ်။ အလှအပ အနုအရွလေးတွေကို မြတ်နိုးတတ်တယ်။ ညင်ညင်သာသာ ဆက်ဆံတာကို ကြိုက်တယ်။ သူတို့ကို သွားပြီး ကြမ်းလို့ မရဘူး။ တိုးတိတ်ညင်သာစွာ ဆက်ဆံတာကို လိုချင်တယ်ဆိုတော့ သင် စဉ်းစားရမှာက သင်ဆက်ဆံရမယ့်လူက ဘာနက္ခတ်လဲပေါ့။ နတ်နက္ခတ်ဖြစ်နေပြီ ဆိုရင်တော့ ပထမဆုံး သင့်ရဲ့ အသံကို (၃)ပေါက်လောက်အထိ လျှော့ချပစ်ရမယ်။ လုံးဝ အသံလေးက နူးနူးညံ့ညံ့လေး။ ဟုတ်ပြီနော်။ သင်ပြောတဲ့ စကားသံလေးတွေ စကားလုံးလေးတွေက စပြီး သတိထားရတော့မယ်။ စကားလုံးလေးတွေက လည်း တကယ့်ကို အနုအရွလေးတွေနဲ့ ပြောရမယ်နော်။ အရေးကြီးတာက နတ်နက္ခတ်သမားကို သွားပြီး မအော်မိစေနဲ့နော်။ ဒါ အရေးကြီးဆုံးပဲ။
လူနက္ခတ်။
အဲ လာပြီ လူနက္ခတ်က တကယ့် ဆရာကြီးတွေ။ လူဆိုတော့ စဉ်းစား ဆင်ခြင်ညာဏ် များတယ်ပေါ့။ သူက ဘလိုင်းကြီး လက်မခံဘူး။ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမှ သူက လက်ခံတာ။ အသံအနေအထား ကတော့ပုံမှန်ဆိုရပြီ။ တိုးဖို့လဲ မလိုဘူး။ ကျယ်ဖို့လဲ မလိုဘူး။ အနေအထားကတော့ မတိုးမကျယ်ပေါ့။ ဒါပေမယ့် အရေးကြီးတာက ကိုယ် ဆက်ဆံနေရတဲ့ လူက လူနက္ခတ်ဆိုတာကို မမေ့နဲ့။ အဲဒီတော့ ကိုယ်ပြောရမှာက ဘလိုင်းကြီး သွားပြောလို့ သူက လက်မခံဘူး။ အကျိုးအကြောင်း ပြချက်တွေ ခိုင်လုံမှ သူက လက်ခံမှာ။ ဥပမာ ဆိုကြပါစို့။ ၂၀၁၂-ခုနှစ်မှာ ကမ္ဘာကြီးပျက်မယ်လို့ လုံးဝ သွားမပြောနဲ့။ သူက ခင်ဗျားစကားကို လုံးဝလက်ခံမှာ မဟုတ်ဘူး။ အခု အနေအထားက ဘယ်လိုဖြစ်နေတဲ့ အတွက်ကြောင့် အဲ.. ၂၀၁၂ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက ပျက်မယ်လို့ ပြောကြတယ်။ ဘာညာပေါ့။ အဲဒီလို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမယ်ဆိုရင်တော့ သူက နားထောင်လိမ့်မယ်။
ဘီလူးနက္ခတ်။
ဘီလူးဆိုတဲ့အတိုင်း ခပ်ကြမ်းကြမ်းနဲ့ စရမယ်။ ကြားဖူးတယ် မမဟုတ်လား။ ဘီးလူးဆိုင်းတီးပြီး ၀င်လာတယ် ဆိုတာ။ ဘီလူးနက္ခတ်သမားတွေက သူတို့က ပြတ်သားမှကြိုက်တယ်။ သူတို့ကို သွားပြီး ဖွဲ့နွဲ့နေလို့ လုံးဝ မကြိုက်ဘူး။ နောက် အသံအနေအထား။ သူကတော့ ထုံးစံအတိုင်း (၇)သံချဉ်ပေါ့။ အသံကလည်း ကျယ်မှ ။ စကားကလည်း တိုတိုတောင်းတောင်း ပြတ်ပြတ်သားသားမှ ကြိုက်တာ။ ပျော့စိစိတော့ သွားမလုပ်နဲ့နော်။ သူက ခင်ဗျားကို အချောက်ထင်သွားလိမ့်မယ်။
         (ရဲတေဇကျော်)
မိမိဘာဖွားလဲသိပြီး....ဘာလဲမသိသူတွေအတွက်(ဗေဒင်)
ပုတိ ။........။
အရှုပ်အရှင်းအမျိုးမျိုးကို အမြဲတစေ ဖြေရှင်းနေရမယ်။ လုပ်သမျှအပေါ် အားမလိုအားမရ ဖြစ်မယ်။ ကိုယ့်စိတ်ကို ကိုမပိုင် ဆုပ်ကိုင်လို့ မရဖြစ်မယ်။ ကျန်းမာရေး ချို့တဲ့မယ်။ အနာရောဂါများမယ်။ တိတိကျကျ ပြောထားလုပ်ထားတဲ့ ကိစ္စတွေအားလုံး လုပ်လက်စနဲ့ ကျက်စီးကုန်မယ်။ရည်မှန်းထားတာတို့ ဖြစ်မလာတတ်ပါ။ ကပ်စေးနဲ့မယ်။ ဘယ်နေရာမှ မမြဲတတ်ပါ။ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေမယ်။ စိတ်အားငယ်စရာ ကိစ္စများ မကြာခဏ ကြုံတွေ့နေရမယ်။ လုပ်ရကိုင်ရတဲ့ အလုပ်တွေမှာ သတ္တိရှိမယောင်နဲ့ ကြောက်နေမယ်။ အတွက်အချက်တွေ မှားမယ်။ ရည်ရွယ်ချက် ကင်းမဲ့နေမယ်။ စိတ်သောက် ရောက်ပြီးမှ ကိစ္စတစ်ခု အောင်မြင်မယ်။
ဘင်္ဂ။......။
စိတ်နှလုံး ပူပန်ရတတ်တယ်။ ကျန်းမာရေး ချို့တဲ့မယ်။ စီးပွားဥစ္စာ တဖြည်းဖြည်း ပျက်လာတတ်တယ်။ ဥစ္စာဓန မခိုင်မြဲတတ်ပါ။ ထိတ်လန့် စိုးရိမ်နေတတ်တယ်။ ရင်ထဲမှာ မရှင်းမလင်း ဖြစ်နေမယ်။ ခပ်လွယ်လွယ် ကိစ္စလေး တွေအားလုံး ခက်ခဲနေမယ်။ ခပ်လွယ်လွယ် ကိစ္စတွေအားလုံး ခက်ခဲနေမယ်။ စိတ်ထဲ ညိုးမှိုင်းပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေမယ်။ စိတ်နှလုံးကို အစိုးမရ ဖြစ်နေမယ်။ မခိုင်မြဲတဲ့ လုပ်ငန်းတွေကို လုပ်မိမယ်။ ပြီးပြီးသား ပြဿနာတွေ ပြန်ပြီး အစပေါ်နေမယ်။ စိတ်ကို ဆောက်တည်ရာမရ ဖြစ်မယ်။ ခြိမ်းခြောက်ခံရမယ်။ ရန်ပြုခံရမယ်။ ရန်မူတတ်တယ်။
မရဏ။.......။
ဘယ်ဟာကို လုပ်လုပ် အများရဲ့ အဖျက်ခံရမယ်။ ကျန်းမာရေး ချို့တဲ့မယ်။ ချူချာနေမယ်။ ဘေးဥပ္ပါဒ် တစ်စုံတစ်ရာနဲ့ အမြဲတမ်းကြုံတွေ့မယ်။ ထိခိုက်မှု့များမယ်။ ထိခိုက်မှု့များမယ်။ မမျှော်လင့်ထားတဲ့ ထိတ်လန့် ချောက်ချားဖွယ်ရာ အန္တရာယ်တွေကို မကြာခဏ ကြုံတွေ့ရမယ်။ ကိုယ်နဲ့ ပါတ်သက်တဲ့ လူတွေအတွက် စိတ်ညစ်နေရမယ်။ ဘယ်ကိစ္စမဆို အမှားအယွင်းတွေ ရှိပြီး ကိုယ့်ရဲ့ တာဝန်မကင်း ဖြစ်နေမယ်။ ပျက်စီးလွယ်မယ်။ ဖြစ်လိုက်ရင် နလန်မထူနိုင်အောင် ဖြစ်မယ်။ အပူအပင်တစ်ခုက အမြဲတမ်း ကိုယ့်ဘ၀မှာ ၀င်တိုးနေလေ့မယ်။
အထွန်း။.......။
ရန်သူတွေအပေါ် အနိုင်ယူရမယ်။ သြဇာအာဏာရှိမယ်။ ထက်မြက်မယ်။ ထင်ပေါ်ကျော်ကြားမယ်။ ဘယ်ကိစ္စမဆို ထွန်းထွန်းကားကား ဖြစ်အောင် လုပ်နိုင်မယ်။ ဦးဆောင်မှု့ပေးနိုင်မယ်။ တက်ကြွမယ်။ လုပ်ချင်တဲ့ကိစ္စကို မအောင်မြင်မချင်း ဇွဲနဲ့ လုပ်နိုင်စွမ်းရှိတယ်။ အောင်မြင်မှု့ အနှစ်သာရကို ခံစားရမယ်။ ညာဏ်ပညာ ကြီးတယ်။ ရဲစွမ်းသတ္တိရှိတယ်။ ရတဲ့အခွင့်အရေးကို မှန်ကန်စွာ အသုံးပြုတတ်မယ်။ သတ္တိရှိတယ်။ စွန့်စားဝံ့တယ်။ ဘေးဥပ္ပါဒ် အန္တရာယ်ကင်းတယ်။ လုပ်ရဲကိုင်ရဲ လက်ရဲဇက်ရဲ ရှိတယ်။ ကတိတည်တယ်။ အမြဲတမ်း တစ်ခုခုကို လုပ်နေရမှ ကျေနပ်တယ်။ ပျော်ပျော်ပါးပါး အချိန်ကုန်လေ့ရှိမယ်။ အပေါင်းအသင်း ဆံ့တယ်။ မိတ်ဆွေပေါတယ်။
သိုက်။.......။
လုပ်ငန်းကြီးတွေ လုပ်တတ်တယ်။ အကြံကြီး ကြံတတ်တယ်။ ပိုင်မှ လုပ်တတ်မယ်။ တိကျခိုင်မာတဲ့ ရည်မှန်းချက်တွေ ရှမယ်။ အများတကာရဲ့ ကြည်ညိုမှု့ ရိုသေမှု့ ကိုးစားခံရမှု့ အမြော်အမြင်ကြီးမယ်။ အများချီးမြောက်ခံရမယ်။ ဘယ်ကိစ္စမဆို တလေးတစား လုပ်တတ်မယ်။ တည်ကြည်မယ်။ တက်ကြွမယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ခေါင်းဆောင်ကောင်း ပီသတယ်။ ချမ်းသာလွယ်တယ်။ အခွင့်အရေး ရလွယ်တယ်။ ကိစ္စတစ်ခု မြန်မြန်ဆန်ဆန် ပြီးတတ်မယ်။ ပြိုင်ဘက်တွေကို ပရိယာယ်ကြွယ်ဝစွာ အနိုင်ယူတတ်တယ်။ စိတ်မှတ်ကြီးတယ်။ စိတ်နှလုံးကောင်းတယ်။ အထင်ကြီးအောင် နေတတ်တယ်။ စကားပြောကောင်းတယ်။ ပတ်ဝန်းကျင်နဲ့ တည့်အောင်နေနိုင်အောင် ကြိုးစားမယ်။
ရာဇ။........။
အခွင့်အရေး ရလွယ်မယ်။ လူကြီးသူမရဲ့ လေးစားခြင်း အားကိုးခြင်းခံရမယ်။ ပြောတဲ့အတိုင်း မဖြစ်မနေ လုပ်ပေးတတ်တယ်။ ကတိတည်တယ်။ တက်ကြွတယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ဟန်ပန်မရှိတတ်ပါ။ ပီပြင်တဲ့ လုပ်ရပ်တွေကိုပဲ လုပအ်တတ်မယ်။ ဘယ်ကိစ္စမဆို စိတ်ရောကိုယ်ပါ လုပ်တတ်လို့ အောင်မြင်လွယ်တယ်။ ယုံကြည်ချက်ပျင်းထန်တယ်။ ရာထူးတက်လွယ်တယ်။ နေရာပေးခြင်း ခံရမယ်။ ကိုယ်ကျွမ်းကျင်တဲ့ အတတ်ညာနဲ့ ကောင်းစွာ ထွန်းကားမယ်။ မင်းရဲ့ ချီးမြောက်ခြင်း ခံရမယ်။ တပည့်တပန်းများမယ်။ လက်လွယ်မယ်။ မိတ်ဆွေကောင်း ပေါများမယ်။ ချစ်ခင်သူပေါ့မယ်။။ လုပ်တဲ့ လုပ်ငန်းပေးမှာ စေတနာထားမယ်။
အဓိပတိ။.......။
ပရိသတ်ရဲ့ အးပေးချီးမြောက်ခြင်း ခံရမယ်။ ကျော်ကြားလွယ်တယ်။ အနုပညာလုပ်ငန်းနဲ့ အကျိုးပေးတယ်။ စကားပြောခြင်း အတတ်ပညာနဲ့ ကောင်းစားမယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ်။ စကားပြောကောင်းမယ်။ ဆွဲဆောင်မှု့ ရှိတယ်။ စိတ်ကူးစိတ်သန်းကောင်းမယ်။ ဆုံးဖြတ်ချက် မှန်ကန်တယ်။ ပရိသတ်ရှိတယ်။ သီချင်းဆိုခြင်း ၊ ရုပ်ရှင်ရိုက်ခြင်း၊ အနုပညာလုပ်ခြင်းမှာ ထွန်းကားတယ်။ စိတ်ကူးယဉ်တယ်။။ လုပ်ရဲတယ်။ ၇ထားတဲ့နေရာမှာ အပိုင်လုပ်တတ်တယ်။ ကောင်းစားမယ်။ အောင်မြင်မယ်။အပူအပင်နည်းမယ်။ ပျော်ပျော်ပါးပါး နေတတ်မယ်။ သူများကို အားနာတတ်မယ်။ လုပ်ချင်တဲ့အလုပ်ကို ဇွတ်လုပ်နေမယ်။ ကိစ္စတစ်ခု မပြီးခင် နောက်တစ်ခု လုပ်လေ့ရှိမယ်။
့(ရဲတေဇကျော်)
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့
ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ကဲအစမ်းလေးလုပ်ကြည့်
ရအောင်။ သင်က 23.4.1991 သင့်ချစ်သူက 14.7.1992 ဆိုပါစို့။
သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ
23 + 4 + 1991 + 14 + 7 + 1992 =4031
မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ
4 + 0 + 3 + 1 = 8
အဖြေက 8 ပေါ့။
ရှင်းပြီနော်။ ကဲ..တွက်ကြည့်ကြရအောင် ...
အဖြေ- ၁
(၁) ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ချစ်ပေမယ့် သူ့အတွက်ကတော့ ရည်းစားဟောင်း
ကပစ်သွားလို့ အသဲကွဲပြီးခဏလာနားတဲ့ Bus ကားမှတ်တိုင်လိုဖြစ်နေတာပါ။ သင်နဲ့အတူနေတဲ့အချိန်မှာ သူဟာပျော်
ရွှင်နေပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွေရှုပ်တတ်တဲ့
သူ့အကျင့်က သင့်ထက်သာမယ့်သူကို အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ်။ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်
အလမ်းဟာ မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့ အတူတူလိုဖြစ်နေတာပါ။ နောင် Bus ကားအသစ်ဟာ
သူ့ဆီဆိုက်ကပ်လာခဲ့ရင် သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို သင့်ကိုဘယ်လိုဖြစ်ပြီး ကျန်ခဲ့မှာ
လဲဆိုပြီး ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး။
အဖြေ- ၂
(၂) ရတဲ့သူကတော့ သင်နဲ့သူဟာ ချစ်တော့ချစ်ကြပါတယ်။ ဒါပေမယ့် မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ်။
တူတူနေခဲ့ရင်လည်း လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ။ အကျင့်တွေကလည်း တစ်ယောက်နဲ့
တစ်ယောက် မတူကြပါဘူး။ တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း အလျှော့ပေးမှာမဟုတ်ဘူး။
ဒါတောင်မှ သင်တို့မှာသုံးပွင့်ဆိုင်မရှိသေးဘူးနော်။ တစ်နေ့ကျရင် သူကခဏဝေးဝေးလောက် နေကြည့်ကြရအောင် လို့
ပြောလာခဲ့ရင်သင်သူ့ကိုနားလည်ပေးလိုက်ပါ။ သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက် နားလည်
နိုင်တဲ့အချိန်တစ်ခုလောက်တော့ထားပေးလိုက်ကြပေါ့နော့...
အဖြေ- ၃
(၃) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်း သင်က အစစ်အမှန်ကိုတွေ့တာပဲလေ။ သင်တို့နှစ်ယောက်ရဲ့တွေ့
ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ်တူညီနေတာပဲ။ အကျင့်၊ အကြိုက်၊ ညစ်ပတ်ခြင်း၊ ပေါခြင်း၊ အရူး
ထခြင်းတွေပေါ့။ ဒါကြောင့် သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ။ သင်တို့အချစ်ဟာ ဘာအရ
သာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ။ ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့။ အဲ..တစ်ခု
တော့ရှိတယ်။ သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ၊ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ်။ ဒါကြောင့်
သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်။ နောက်ဆုံးတော့လည်း ဘယ်လူမှ သင့်ရဲ့အခုလိုအရသာ
မရှိတဲ့ ပေါရွှတ်ရွှတ်လူထက်ပိုပြီးကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ်။ မသိနိုင်ဘူးလေ။ အဲဒီအချိန် ရောက်ခဲ့
ရင် နှောင်းချင်လည်းနှောင်းသွားမှာပေါ့။
အဖြေ- ၎
(၄) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ်။ ဘယ်လို ခွာခွာ ခွာလို့မရတဲ့ပုံစံ၊ ဘဝကို
ဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ ပုံစံနဲ့တူနေတယ်။ သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့ သူ့ကိုချစ်တယ်လို့ ဖွင့်ပြောဖို့မရဲ
ဘူးဖြစ်နေတယ်။ ဒါကြောင့် ဟိုဖက်ကိုလည်းမသွား၊ ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့။ အကောင်းဆုံးကတော့
သင်တို့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ပြဿနာကိုတူတူဖြေရှင်းကြတာအကောင်းဆုံးပဲလေ။ မဟုတ်ရင်တော့ သင်တို့ထဲ
ကတစ်ယောက်မဟုတ်တစ်ယောက်ဟာ အသစ်တွေ့ပြီး သင်တို့ရဲ့ဇာတ်လမ်းလေးက ဇာတ်သိမ်းသွားလိမ့်မယ်နော်။
အဖြေ- ၅
(၅) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့။ဘာဂိုဏ်းညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း
အသက်လုပြီးဖြစ်ပေါ်လာတဲ့အချစ်စစ်။သင်တို့အချစ်လမ်းကြောင်းမှာ ဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့က
တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်နဲ့အမှန်ချစ်တာဖြစ်တယ်။ သင်တို့နှစ်ယောက်က ခုချိန်မှာ
ချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး။ နှစ်လွှာပေါင်းမှတစ်ရွက်ဆိုပြီးဖြစ်နေကြပါပြီ။ အသက်ပေးပြီးချစ်ကြတဲ့ သူတွေ
အဆင့် ရောက်နေကြပါပြီ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံသင်္ကာမဖြစပါနဲ့။ ဘာလို့လဲဆိုတော့ သူ
ဟာယုံကြည်နေပါပြီ။ သင်ဟာ ဘုရားကပေးလာတဲ့ ဖူးစာရှင်အစစ်လို့....။
အဖြေ- ၆
(၆) ရတဲ့သူက ခုချိန်တွေမှာ ဘာစားစားသကြားထည့်ဖို့တောငမလိုပါဘူး။ ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်
ခြင်းက သကြားရဲ့အချိုဓာတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီပျောရွှင်မှုဟာ မပြည့်စုံသေးဘူးလို့
သင်ခံစားရမယ်။ ရေမြောင်းပုပ်မှာ လရိပကိုမြင်ရသလိုပေါ့။ သင်ဟာ သင့်ချစ်သူနဲ့ ဒီလိုအမှတ်တရအချိန်လေးတွေကို
ဘယ်လောက်ကြာကြာခံစားရဦးမလဲဆိုတာ မသေချာသေးဘူး။သို့ပေမယ့်လည်း သင်ဟာ ခုချိန်မှာအရမ်းပျော်နေ
တယ်လို့တော့ ပြောနိုင်တယ်လေ။ အကယ်လို့သူ့ပြဿနာတစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က ဘာမှမသိ
သလိုနေမှာအသေအချာပဲ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့ သင့်ရဲ့အစွမ်းအစပေါ်မှာမူ
တည်ပါတယ်။ ပြီးတော့ သူ့ရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်လေ။ သူ့ရဲ့ပြဿနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ...
အဖြေ- ၇
(၇) ရတဲ့သူက ဒီတစ်ယောက်ကသင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်။ အနိမ့်စားလူတစ်ယောက်က
ဘယ်လိုလဲဆိုတာပေါ့၊ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ်၊ ကိုယ့်ကိုယ်ကို
အထင်ကြီးမှု၊ အများကြီး အများကြီးပေါ့။ သင့်ကိုတစ်ခုခုကူညီလိုက်ရင် ကျေးဇူးအတင်ခံချင်တာကအရင်ပေါ့။
ကျေးဇူးမမေ့နဲ့၊ ကျေးဇူးမမေ့နဲ့ဆိုတာ သူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့။ပွေလည်းပွေတယ်။ ကပ်စေးလည်းနဲ
တယ်။ ဆိုးသောအရသာမျိုးစုံနဲ့ပြည့်စုံနေတဲ့သူပေါ့။ သင်နဲ့ရည်းစားလာဖြစ်တာကလည်း အထွေအထူးမဟုတ်ပါဘူး။
super casanova ဆိုတဲ့ ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်။သင်ဟာ ရုပ်မရှိရင်အဲဒီတစ်ယောက်က သင့်ကိုမျက်စောင်း
လေးတောင် ထိုးကြည့်မှာမဟုတ်ဘူး။ ပြီးတော့ သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း ဂိုဒေါင်ကြီးထဲ
ထည့်ထားရတဲ့အထိ၊ ဒါကြောင့် သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော်။
အဖြေ- ၈
(၈) ရတဲ့သူက သူ့ရဲကနောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ ၅ဝ% = ၅ဝ% ပါပဲ။ သင်တို့အချစ်ဟာကြာပြီး အားလုံး
နေရာကျနေပြီလေ။ တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ။ ဒါကြောင့်အတူနေတဲ့အချိန်ဆို စိတ်ချမ်း
သာရတယ်။ အဲဒီစိတ်ချမ်းသာတာကချိုတာတွေ romatic တာတွေ မရှိတဲ့ခံစားချက်၊ သဝန်တိုခြင်း၊ လိုချင်တပ်မက်မှု
မရှိတဲ့အချစ်ဖြစ်နေပါတယ်။ ဒါကြောင့် သင်တို့အချစ်က သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ။ သင်တို့နှစ်ယောက်
က တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ။ တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက်နားလည်နိုင်စွမ်းရှိတယ်
ဆိုတာ သူ့အပြင်သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်း ရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...)
အဖြေ- ၉
(၉) ရတဲ့သူက အားရိုးရိုး...သင်တို့အချစ်ကိုနှိုင်းရရင်တော့နံနက်နေထွက်ချိန်နဲ့ ညနေနေဝင်ချိန်၊ ကောင်းကင်နဲ့မြေကြီး၊
သူချမ်းသာနဲ့သူဆင်းရဲ့၊ နတ်ပန်းနဲ့ ငရဲပန်း စတာတွေပေါ့။ ဒါကြောင့် သင်တို့အချစ်ကို သင်တို့ကိုယ်တိုင်တောင်
နားမလည်နိုင်ပဲဖြစ်နေရတယ်။နောက်ထပ် ဘာထူးဆန်းစရာတွေထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ်။သင်တို့နှစ်ဦးကလည်းသိနေတယ်လေ။ ကြာရှည်လက်တွဲလို့မရ
ဘူးဆိုတာပေါ့။ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘဝမှာရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်
တယ်။ သင်တို့နှစ်ဦးဟာအလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့။ သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်
လည်း သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ။.....
ဆရာဇံဇာဏီရဲ့ တွက်နည်းပါ.....(ရဲတေဇကျော်)
Kp3နည်းပညာ၊၄၇၄၊ဘလော့ပိုစ်တွေကိုသူများဖတ်မရအောင်သော့ခတ်နည်း
 အခုတလောအချိန်မရလို့နည်းပညာသစ်လေးတွေတင်ချင်ပေမယ့်မတင်နိုင်ဘူးဖြစ်နေတယ်။ကေပီသရီးကိုလာသွားကြတဲ့ဘလော့မိတ်ဆွေတွေ
ကိုလည်းအားနာလှပါပြီ၊ဒါကြောင့်ကျနော်ဒီနေ့ဘလော့အတွက်တကယ့်နည်းပညာသစ်ဖြစ်တဲ့မိမိရဲ့ဘလော့ပိုစ်တွေကိုPassWordနဲ့သော့ခတ်တဲ့နည်း
ပညာသစ်လေးမျှဝေပေးလိုက်ပါတယ်။မိမိရဲ့ပိုစ်တွေကိုသူငယ်ချင်အချို့ဘဲဖတ်ခိုင်းချင်ရင်ပေါ့နော်။Passwordလေးရိုက်ထည့်လိုက်ရင်မိမိဖွတ်ထားတဲ့
ပိုစ်လေးပွင့်လာလာလိမ့်မည်။မိမိရဲ့PassWordကိုသူငယ်ချင်ရဲ့အီးမေးလ်ကနေအသိပေးလိုက်ပေါ့နော်။ကြိုက်ကြမယ်လို့တော့မျော်လင့်ပါတယ်၊
အောက်မှာထုံးစံတိုင်းနာမူနာသွားကြည့်လို့ရအောင်ကျနော်DEMOလင့်ခ်လေးပေးထားပါတယ်။နမူနာပိုစ်ရဲ့PassWordကတော့kp3ပါသွားဖွင့်ကြည့်
လိုက်ပါ။ကြိုက်သွားမယ်နော်ဟီး...။
ဒီမှာ DEMO နမူနာ Post သွားပြီး Password-kp3ရိုက်ထည့်ပြီးPostကိုကြည့်လိုက်ပါ။
ပထမဆုံးဒီလင့်ခ်http://www.vincentcheung.ca/jsencryption/ သွားလိုက်ပါတယ်။
Design >>> Edit HTM အောက်ကCodeကိုရှာပါ။
  1. ]]></b:skin>  
တွေ့ပြီဆိုရင်အောက်မှာအောက်ကပေးထားတဲ့KP3 PASSWORD PROTECT CODEကိုထည့်ပေးလိုက်ပါ။
  1. <!--KP3 PASSWORD PROTECT CODE --> <script type="text/javascript" src="http://yourjavascript.com/11117261018/kp3family.txt.js"></script>  
အောက်မှာသော့ခတ်ချင်တဲ့ပိုစ်တင်နည်းကိုပုံနဲ့တကွအဆင့်ဆင့်ပြထားပေးပါတယ်။အရှင်းတာရှိရင်Commentsမှာအီးမေးလ်လိပ်စားသို့မဟုတ်
မိမိရဲ့ဝဘ်ဆိုက်ဒ်လင့်ခ်ကိုထားသွားပါ။
ပုံမှာအားလုံးနားလည်အောင်အဆင့်ဆင့်ပြထားပေးတာပါ။ကိုယ်တိုင်းဝင်ပြီးလုပ်ကြည့်လိုက်ရင်လွယ်လွယ်လေးပါ။
 ပုံ-၁
 ပုံ-၂
 ပုံ-၃
 ပုံ-၎
 ပုံ-၅
 ပုံ-၆
 ပုံ-၇
 မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု
လာပြီ ဘလော့ကာတွေအတွက် ချက်ခန်း (နိုင်ဆိုဒ်တွေနဲ့ဆင်တယ်..ေိေိ)
 အားလုံးးးးးးအားလုံးးး သတင်းကောင်းးပါးလိုက်ပါပြီ..ဗျို့...ဘလော့ကာတွေအတွက်  ချက်ခန်း
အလန်းစားလေးလာပြီ..ရပြီဆိုတာ သတင်းကောင်းပါးလိုက်ပါရစေ.... အရင်ကတည်းက တွေ့တော့တွေ့ဘူးနေတယ်..့ကျွန်တော်လဲ မစမ်းသတ်မိဘူးးဗျာ..
ခုမှဘဲ... ညီတော်မောင်  အောင်လေးး လာသတိပေးလို့ အမှတ်ပြန်ရသွားးတယ်.. လက်တွေ့စမ်းသတ်ပြီးတင်လိုက်ရပါတယ်...အဆင်ပြေမယ်လို့လဲ မျှော်လင့်ပါတယ်.. မပြေလဲ
လာအော်ဗျာ... အစဆုံး  ကူညီပါ့မယ်...ဟဲဟဲ...
ကဲစမယ်....
                   ပထမဆုံး      သည်နေရာလေးကို     သွားလိုက်ကြပါနော်...
အဆင့်  (၁)   အနေနဲ့...အပေါ်က ပုံတိုင်းကျလာမယ်... အဲထဲမှာ မိမိတို့ လိပ်စာ ထည့်ပေးပြီး
                   Try it Today  ဆိုတာကိုကလစ်ပေးလိုက်ပါ။
အဆင့်  (၂)  အေနနဲ့.... အပေါ်ပုံအတိုင်း  လိုအပ်တဲ့ အမည်...အီးမေး..ပါတ်ဝပ်  တွေကို
                 လိုအပ်သလို ဖြည့်ပေးလိုက်ပါနော်...။ အောက်နားမှာ အမှန်ခြစ်ပေးပြီးမှ ကလစ်ပါ။
အဆင့်   (၃)   အေနနဲ့ကတော့ နောက်ဆုံးအဆင့်လို့ ပြောနိုင်ပါတယ်.. သူကတော့ သင်တို့
                    လိုအပ်တဲ့ ချက်ခန်း ကုဒ်တွေ ချပေးတာပါဘဲ..အဲထဲက ကုဒ်တွေကို ကော်ပီယူပါ..
ဝါသနာပါရင်ပေါ့... မသွားးလဲ ခုကျနေတဲ့ ကုဒ်နဲ့ အိုကေပါတယ်.. အနော် စမ်းသတ်ခဲံပါပြီ...သွားးခြင် သွားးပေါ့  ဗဟုသုတရတာပေါ့နော်......အနော်ကတော့ လမ်းဆုံးးထိ လျှောက်ကြည့်ခဲ့တယ်... ရတာပါဘဲ...
ကဲ..ကျေးဇူးပါလို့ မပြောနဲ့တော့.... ဟဲဟဲ....ယူသာယူကြပေတော့....
                ...............ရလာတဲ့ ကုဒ်တွေကို  သည်လိုထည့်ပေးပါ............
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5. ရလာတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
Related Posts Plugin for WordPress, Blogger...
©2012 M0N$T3R# Created by MÖN$TéR | Shad0w MÖN$TéR