၁၊ Keylogger (အလွယ်ဆုံးနဲ့ အခက်ဆုံး)Keylogger
လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ အားလုံးသိကြမှာပါ။ ဒါပေမဲ့လဲ တကယ်တမ်း
Computer အသုံးပြုတဲ့ အခါမှာ မေ့သွားတက်ကြလို့ ထပ်ပြီး
သတိပြန်ပေးလိုက်တာပါ။ keylogger က နာမည်ကြီးတဲ့
အတိုင်းဘဲ ထုတ်လုပ်သူတွေက အမြဲ Version အသစ်နဲ့ Antivirus တွေ မသိဘဲ
အလုပ်လုပ်လို့ရအောင်လို့ Update လုပ်နေကြပါတယ်။ ဆိုတော့ Antivirus
ရှိရုံနဲ့ စိတ်ချလို့မရပါဘူး။ ဒါပေမဲ့လဲ ကိုယ်နေ့တိုင်းအသုံး
ပြုနေတဲ့ Computer မှာတော့ အလိုလိနေရင်းနဲ့ Keylogger ရောက်လာဖို့ဆိုတာတော့
မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အရင်က ပိုစ့်မှာ ကျွန်တော်ပြောခဲ့သလိုဘဲ ကိုယ့်က
သူများကို hack ချင်တာနဲ့ Hacking tools တွေ
ကို ဘာမှမသိဘဲ လျှောက် Download လုပ်တဲ့ အခါမှာ ကိုယ့်က hacking tools လို့ထင်ပေမဲ့ တကယ်မှာ
ကိုယ့်ကို ပြန်ပြီး Hack တဲ့ Keylogger ဖြစ်နေတဲ့ပါတယ်။ ဒါကြောင့်လဲ Hacking tools တွေကို သူ့တို့
Original site ကနေပေးတဲ့ ဟာတွေဖြစ်ဖြစ် နာမည်ကြီးတဲ့ Site တွေ ယုံကြည်စိတ်ချင်ရတဲ့ Site တွေ
ကမှ သာ Download ဖို့ အသိပေးခြင်ပါတယ်။ ဒီလိုပြောလို့ Hacking tools ကို Download လုပ်တာမဟုတ်
ဘဲနဲ့ အခြား Email ထဲကိုရောက်လာတဲ့ attachment နဲ့ setup file တွေ Pirate software တွေကို ကိုယ့်က
မသိဘဲ အလကားရလို့ Download လုပ်ခြင်းကနေပြီးတော့ တကယ် ကိုယ်လို့ချင်တဲ့ Software မဟုတ်ဘဲ
Keylogger တို့ Virus,malware တို့ဖြစ်တက်ပါတယ်။ ဒီလို့ Keylogger က ကိုယ့်ရဲ့ Computer မှာ install
လုပ်လိုက်တဲ့အခါ ဒီ Keylogger ကို ထည့်လိုက်တဲ့ သူက သူ့ရဲ့ Computer က ကိုယ့်ရဲ့ Computer မှာ
လုပ်ဆောင်မှု အားလုံးကို Video ကြည့်သလို့မြင်နေရမှာဖြစ်ပြီး ကိုယ့် ရေးသလို စာသားတွေကိုလဲ Text file
အနေနဲ့ အားလုံးရရှိသွားမှာ ဖြစ်ပါတယ် ဒီအခါမှ ကိုယ့်ရဲ့ Bank account,Email, facebook စတဲ့ အားလုံး
ကို ဆုံးရှုံးသွားနိုင်ပါတယ်။